မြန်မာ့ ဘားကောင်စီ ပြန်ဖွဲ့ဖို့ ကြိုးပမ်း

  • 3 ဇွန် 2012
bar_council
Image caption ဥပဒေ အကြံပေး ဉီးအောင်သိန်း

မြန်မာနိုင်ငံ မှာ ဘားကောင်စီ ပြုပြင် ဖွဲ့စည်းနိုင်ရေး အတွက် ရှေ့နေ ၁၂ဝ ခန့် စုဝေးကြပြီး စာတမ်းဖတ်ပွဲ မှာ တင်ပြကြပါတယ်။

ဘားကောင်စီ ပြုပြင် ဖွဲ့စည်းရေး စီစဉ် ရခြင်းက လက်ရှိဘားကောင်စီ ဟာ တရားရုံးချုပ် က ပုဂ္ဂိုလ်တွေ၊ ရှေ့နေချုပ်ရုံးက ပုဂ္ဂိုလ်တွေ၊ အထင်ကရ ရှေ့နေ နှစ်ဉီးနဲ့ သာ ဖွဲ့ထားတာ ဖြစ်ပါတယ်။

ရှေ့နေ တွေ ကို အရေးယူတဲ့ အခါမှာ ဘားကောင်စီ ဉပဒေ ၁ဝ(၁) အရ တနှစ် ရပ်ဆိုင်းခြင်း၊ ၂ နှစ်ရပ်ဆိုင်းခြင်း၊ လိုင်စင် ကို နှစ် အကန့်အသတ် မရှိ ရပ်ဆိုင်း ခြင်း၊ ရှေ့နေ တွေ ကို ထုတ်ပစ်ခြင်း စတာတွေ ကို ဘားကောင်စီ ရဲ့ ဉပဒေ အရ ဆောင်ရွက်တာ မရှိပုံ ကို ဉပဒေ အကြံပေး ဉီးအောင်သိန်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

ရှေ့နေတွေ မှာ ခုခံချေပ ပိုင်ခွင့် အပြည့် အဝ မရပဲ ဘားကောင်စီ ဉပဒေ ၁ဝ(၁) အရ ဆောင်ရွက်တယ် ဆိုပြီး ရှေ့နေ တွေ ရဲ့ လိုင်စင်တွေ ရုပ်သိမ်း တွေ ရှိခဲ့ ကြောင်း ပြောပြပါတယ်။

ဒါကြောင်မို့ လွတ်လပ်တဲ့ အဖွဲ့ အစည်း တရပ်အနေနဲ့ ဘားကောင်စီ ကိုပြန်ဖွဲ့ ဖို့ စုပေါင်း ဆွေးနွေး ရပုံ ကို ဉီးအောင်သိန်း က ဘီဘီစီ ကို ပြောပြပါတယ်။

အရင်က ဘားကောင်စီ မှာ အများကြည်ညို လေးစားသူတွေ ကို ရွေးချယ်တင်မြှောက် တဲ့ အတွက် ဘားကောင်စီ ဉပဒေ အရ အရေးယူဆောင်ရွက် ကြပုံ လည်း ပြောပြပါတယ်။