သန့်ရှင်းမှုမရှိတဲ့ စားသုံးဆီ တင်သွင်း

  • 4 ဇွန် 2012
_bbc_oil_
Image caption စားသုံးဆီ မသန့်က ရောဂါရ

စားသုံးရန် မသင့်တဲ့ စွန့်ပစ်ရမယ့် ဆီတွေ ကို တရုတ်နိုင်ငံ ကနေ မန္တလေး ကို ဗဟိုပြုပြီး မြန်မာနိုင်ငံ အနှံ့ ကို ဖြန့်ဖြူး ရောင်းချနေလို့ အဆိုပါ ဆီတွေကို စစ်ဆေးဖို့ နဲ့ ဆီရောင်းသူတွေ ကို အရေးယူဖို့ အစည်းအဝေးတရပ် မန္တလေး မှာ ကျင်းပခဲ့ပါတယ်။

ဒီကိစ္စ ကို မန္တလေး မှာ အလေးအနက်ထား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု အစိုးရ အထိ တင်ပြမယ် လို့ လည်း မန္တလေး တိုင်း ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးကိုကြီး က ဘီဘီစီ ကိုပြောပါတယ်။

အထက်ပါ အစည်းအဝေး ကို မန္တလေးတိုင်းဒေသကြီး ကုန်သွယ်လယ်ယာ နဲ့ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် နဲ့ ဆီလုပ်ငန်းရှင်များ အသင်း တို့ ပူးပေါင်း ကျင်းပကြတါပါ။

ဒီဆီတွေကို တရုတ်နိုင်ငံ မှာ အကြိမ်ကြိမ် ကြော်ပြီးတဲ့ အတွက် စွန့်ပစ် စေပေမယ့် တချို့က လိုက်လံ စုဆောင်ပြီး စက်ရုံတွေ မှာ သန့်စင်မှု ပြု၊ အရောင်ချွတ်၊ အနံ့ပေျာက်အောင်လုပ်၊ အရသာပါ ပြောင်းစေပြီး မြန်မာနိုင်ငံ ဘက် မှောင်ခို တင်ပို့ကြတါပါ။

အခုလို မှောင်ခိုတင်သွင်းမှု ကြောင့် အစာနဲ့ ဆေးဝါး စစ်ဆေးရေး FDA အနေနဲ့ လည်း မစစ်ဆေးနိုင်၊ ဒါပေမယ့် ဒီဆီ ကို အရှည်သဖြင့် စားသုံးရင် ကင်ဆာ ရောဂါ ဖြစ်နိုင်တဲ့ အတွက် မှောင်ခိုတင်သွင်းမှု ကို တားဆီးဖို့ လိုအပ် သလို FDA အနေနဲ့ စစ်ဆေးပေး ဖို့၊ ပြည်တွင်းမှာ တွေ့ရင်လည်း အရေးယူ ပေးဖို့ အကြံပြု ကြကြောင်း မန္တလေး တိုင်း ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးကိုကြီး က ဘီဘီစီ ကိုပြောပါတယ်။