တနိုင်ငံလုံး ၂၄ နာရီ မီးပေးနိုင်

  • 5 ဇွန် 2012
electricity
Image caption မိုးရာသီ ရောက်လို့ လျှပ်စစ် အတွက် စိတ်မပူရတော့

ဇွန် ၅ ရက်က စပီး ရန်ကုန် အပါအဝင် တနိုင်ငံလုံး နီးပါး လျှပ်စစ်မီး ၂၄ နာရီ ပြန်ပေးနိုင်ပီလို့ ရန်ကုန် တိုင်း ဒေသကြီး လျှပ်စစ်မီး ဖြန့်ဖြူးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

စက်မှုဇုန် တွေကိုတော့ နှစ်အုပ်စု ခွဲပီး ၅ နာရီစီ အလှည့်ကျ ပေးနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် မနက် ၁၁ နာရီက မနက် ၅ နာရီ ထိ လည်ချင်တဲ့ စက်ရုံတွေ ကိုလဲ လည်ခွင့်ပြုတယ် လို့ ဆိုပါတယ်။

ကျိုးသွားတဲ့ ရွှေလီ တာဝါတိုင်က ဇွန်လ ၁ ရက်ထဲက မဂ္ဂါဝပ် ၂ဝဝ ပြန်ရနေပီး ရဲရွာနဲ့ ပေါင်းလောင်း ရေလှောင်တမံ တွေမှာလဲ ရေပြန်ဝင် နေပီလို့ ဆိုပါတယ်။

မိုးရာသီ ရောက်နေပီ ဖြစ်လို့ လျှပ်စစ် အတွက် စိတ်ပူစရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

နောက်နှစ် တွေမှာလဲ လျှပ်စစ်မီး ဖြတ်တောက်မှုတွေ မရှိအောင် အမှတ် ၂ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးဖို့ ဖိတ်ခေါ် ထားသလို သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ထုတ်ဖို့နဲ့ နိုင်ငံခြားက မီးစက်ကြီး တွေ သွင်းဖို့လဲ ရှိပါတယ်။

ပီးခဲ့တဲ့ ရက်တွေက လျှပ်စစ်မီး ဖြတ်တောက်မှု များတဲ့အတွက် ရန်ကုန် မန္တလေးနဲ့ မြို့ အတော်များများမှာ ဖယောင်းတိုင် ထွန်း ဆန္ဒပြ ခဲ့ကြတဲ့ အတွက် ဖမ်းဆီး စစ်ဆေးမှု တွေ ရှိခဲ့ပါတယ်။