ဗကသ သတိပေးခံရ

  • 7 ဇွန် 2012
burma ဓာတ်ပုံ မူပိုင် 1
Image caption နယ်အနှံ့ ဗကသခွဲတွေ ဖွဲ့ထား

ရန်ကုန် တိုင်း အုပ်ချုပ်ရေးရုံးမှာ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီတွေကို မနေ့ မွန်းလွဲပိုင်းက ခေါ်တွေ့ခဲ့ပါတယ်။

ဗကသ လှုပ်ရှားမှု တွေဟာ ရွေးကောက်ပွဲ ဥပဒေ နဲ့ ငြိနေလို့ ခေါ်သတိပေးတာလို့ ဗကသ ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဆိုပါတယ်။

ဒီဥပဒေဟာ လက်ရှိအနေအထား အတွက် မပြည့်စုံ တော့တာမို့ သမဂ္ဂတွေ လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ဥပဒေ ပြဋ္ဌာန်းပေးဖို့ အမတ်တွေကို တွန်းအား ပေးမယ်လို့ သူက ဆိုပါတယ်။

မှတ်ပုံမတင်ရင် လိုအပ်သလို အရေးယူ ဆောင်ရွက် နိုင်တယ် ဆိုပေမယ့် သမဂ္ဂ အစဉ်အလာ အတိုင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။