“ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့” ဖွဲ့စည်း

  • 6 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ဖြစ်နေတာကြောင့် အကုန်လုံး နိမ့်ကျနေတဲ့ အတွက် အခုလိုဖွဲ့ရတာဖြစ်ကြောင်းပြော

ငြိမ်းချမ်းရေးကို လိုလားတဲ့ ကချင်-ရှမ်း-ဗမာ-စတဲ့ ဒေသခံ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းပြီး “ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်း ရေး လိုလားသူများအဖွဲ့” ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အင်္ဂါနေ့က ဖွဲ့စည်း လိုက်ကြောင်း သိရပါ တယ်။

ဗန်းမော်မြို့မှာ ကချင်၊ ရှမ်း၊ ဗမာ-စတဲ့ တိုင်းရင်းသား ပေါင်းစုံ စုပေါင်း နေထိုင်ကြရာ မြို့တမြို့ ဖြစ်တာ ကြောင့်၊ ဒီအဖွဲ့ ကို ကချင်လူမျိုး ဦးလဝမ်က ဥက္ကဌအ ဖြစ်ဆောင်ရွက်ပြီး၊ ဒုဥက္ကဌ- ဦးစိုင်းမောင်ပု၊ အတွင်းရေးမှူး- ဦးကျော်သန်းနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် စုစုပေါင်း (၁၇)ဦး ပါဝင် ပါတယ်။

ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ အနေနဲ့ စစ်ဖြစ်နေတဲ့ အနိဌာရုံတွေကို ကိုယ်တိုင် ကြုံတွေ့နေရကာ အကုန်လုံးဟာ နိမ့်ကျနေတဲ့ အတွက် အခုလို ဖွဲ့စည်းရတာ ဖြစ်ကြောင်း အဖွဲ့ရဲ့ အမှုဆောင် တဦးက ဘီဘီစီကို ပြောပါတယ်။

သက်ဆိုင်ရာ ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလဲ အဖွဲ့ဖွဲ့စည်းကြောင်းကို အသိပေး အကြောင်းကြား ထားပြီး ဖြစ်သလို၊ ငြိမ်းချမ်းရေး အတွက် လှုပ်ရှားမှုတွေ ကိုလည်း စတင် လှုပ်ရှားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ