အစိုးရနဲ့ ကရင်နီ ထပ်တွေ့မယ်

  • 7 ဇွန် 2012
burmese refugee ဓာတ်ပုံ မူပိုင် AP
Image caption ဒုက္ခသည် နေရပ်ပြန်ပို့ရေး ကိစ္စ ဆက်ဆွေးနွေးမယ်

၀န်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး အဖွဲ့ နဲ့ ကရင်နီ တိုးတက်ရေး ပါတီ အတွင်းရေးမှူး (၁) ခူဦးရယ် တို့ အဖွဲ့ ဇွန် ၉ ရက်မှာ လွိုင်ကော်မှာ ဒုတိယ အကြိမ် ထပ်တွေ့ကြ မှာပါ။

ပထမအကြိမ် ဆွေးနွေး ခဲ့စဉ်က သူတို့တောင်းဆို တဲ့ အချက် ၂၀ ထဲက မပြေလည် သေးတဲ့ (၅)ချက်ကို ထပ်ဆွေးနွေး မယ်လို့ အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ဆိုပါတယ်။

ကရင်နီပြည်နယ်ထဲက စစ်ဆင်ရေး အားလုံး ရပ်ဆိုင်းဖို့၊ တပ်ရင်း တပ်ဖွဲ့နဲ့ တပ်စခန်းတွေ ထပ်မံတိုး ချဲ့နေတဲ့ကိစ္စ၊ လူထုကို ဝန်ပိစေတဲ့ တပ်စခန်းတွေကို အပစ်အခတ် ရပ်စဲရေး သဘောတူပြီး ရက် ၆ဝ အတွင်း ပြန်ရုပ်ပေးဖို့ အပါအဝင် စစ်ရေး လေ့ကျင့် မှုနဲ့ ကျောင်းဆောက်ဖို့ ရပ်ထားရတဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ ခူဦးရယ်က ဆိုပါ တယ်။

ဒါအပြင် အပစ်အခတ် ရပ်စဲရေး ပိုမို ခိုင်မြဲဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ကိစ္စတွေလည်း ဆက်ဆွေးနွေး ဖို့ရှိတယ်လို့ ဒုတိယအဖွဲ့ခေါင်းဆောင် အတွင်း ရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

ပထမအကြိမ် ဆွေးနွေးခဲ့တာ ပြီးခဲ့တဲ့ မတ်လ၇ ရက်က ဖြစ်ပါတယ်။

အဲဒီတုန်းက နှစ်ဘက်လုံးက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ ဆက်ဆံရေး ရုံးကို နှစ်ဘက် သဘောတူတဲ့ နေရာမှာ လက်နက် မပါဘဲ ထားဖို့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ ဆွေးနွေးမယ့် အချိန် နေရာ တွေကို ပြည်နယ်အဆင့် ညှိနှိုင်း သဘောတူ ခဲ့ပါတယ်။