ဂဂ မျိုးဆက် ဝင်ဆွေးနွေးပေးလို့ အလုပ်သမား ဆန္ဒပြမှု တချို့ ပြေလည်

Image caption လှိုင်သာယာ အလုပ်သမားတွေ ဆန္ဒပြမှု တချို့ ပြေလည်

လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ဟိုင်မို ဆံပင်တု စက်ရုံ အပါအဝင် စက်ရုံ ၄ခုနမှာ အလုပ်သမားတွေ လစာ တိုးပေးဖို့နဲ့ သူတို့ ရပိုင်ခွင့်တွေကို ပေးဖို့ ၁လကြာ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ အလုပ်သမား ဝန်ကြီး ဌာနနဲ့ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့တွေက ကြားဝင် ညှိနှိုင်း ပေးတာကြောင့် ပြေလည် သွားပြီလို့ ဆိုပါတယ်။

အလုပ်သမား ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီး ဉီးအောင်ကြည် နဲ့ မီးရထား ဝန်ကြီးတို့ ပါဝင် ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

ဒီစျေးနှုန်း အတိုင်း ကမ္ဘာ နိုင်ငံတွေ လခ နှုန်း အတိုင်း အလုပ်သမား လစာတွေကို ဆက်ထားမယ် ၊ သဘာမတူ ရင် ဘယ်လို အခက်အခဲ ရှိသလဲ ဆိုတာ တင်ပြပါ ဆိုပြီး လူကြီးတွေက ဝင်ရောက် ဖြန်ဖြေပေးခဲ့တယ်လို့ ဂဂ မျိုးဆက် ကျောင်းသူ မမာမာဉီးက ဆိုပါတယ်။

ဟိုင်မို အလုပ်သမလေး တယောက်ကတော့ အရင် လစာ သုံးသောင်း အစား လစာ ၂၉ရဝဝ နဲ့ သဘောတူ လိုက်ပြီ ၊ ခေါင်းကြေးတွေနဲ့ ပေါင်းလိုက်ရင် အားလုံးပေါင်း ငါးသောင်းလောက် ရမယ်လို့ ပြောသလို ပါဝင် ဆွေးနွေး ပေးတဲ့ လူကြီးတွေ ဂဂ မျိုးဆက် ကျောင်းသားတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။