၂၄ နှစ် ကြာမှ လာနိုင်တဲ့ ခရီး

  • 8 ဇွန် 2012
oxford
Image caption အောက်စဖို့ဒ် တက္ကသိုလ်က ပါရဂူဘွဲ့နှင်းမယ်

ဒေါ် အောင်ဆန်းစုကြည်ဟာ ဇွန် ၁၃ ရက်မှာ ရန်ကုန်က ထွက်ခွာပီး ၁၄ ရက် နေ့မှာ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်း ပေးမှာပါ။

အဲဒိနောက် နော်ဝေ နိုင်ငံ အော်စလို မှာ ၁၉၉၁ က သူရခဲ့တဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုကို လက်ခံ ယူမှာ ဖြစ်ပီး အဝေးရောက် မြန်မာတွေနဲ့ တွေ့ဆုံမှာ ပါ။

ပီးတော့ အိုင်ရာ နိုင်ငံ ဒဗ္ဗလင်မှာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကျင်းပတဲ့ ယူတူး အဖွဲ့ ဂီတပွဲကို တက်ရောက် ပါလိမ့်မယ်။

အဲဒိပွဲမှာ အဆိုတော် ဘိုနိုကလဲ သူ့ကို ဆု တံဆိပ် အပ်နှင်း မှာပါ။

ဇွန် ၁၈ ဗြိတိန် အရောက်မှာ ဆွေမျိုး သားချင်း မိတ်ဆွေ တွေနဲ့ မြန်မာ လူမျိုးတွေ၊ သူ့ကို တွေ့ဆုံလိုသူ တွေနဲ့ တွေ့ဖို့ စီစဉ် နေပါတယ်။

သူ ပညာသင်ပီး မိသားစု နေထိုင်ခဲ့ရာ အောက်စဖို့ဒ်မှာ တော့ သူ တက်ခဲ့တဲ့ တက္ကသိုလ်က ဇွန် လ ၂ဝ ရက်နေ့ မှာ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။

ဒီဘွဲ့ကို ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲဟောင်း အီလိုင်ဇာ ဘူလာ၊ စာရေးဆရာ ဂျွန် လက်ကား တို့နဲ့အတူ ယူမှာပါ။

သူတက်ခဲ့တဲ့ စိန်ဟူးချ် ကောလိပ် ကျောင်းသား နားနေခန်းကို သူ့နာမည် ပေးထားကာ ၂ နှစ်တခါ ဂုဏ်ပြု ပို့ချမှု တွေ လုပ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ဝင်မယ့် ပြင်သစ် နိုင်ငံကနေ မြန်မာပြည်ကို ပြန်မယ်လို့ သိရပါတယ်။