ရမည်းသင်း ရွှေတွင်း သပိတ်

  • 8 ဇွန် 2012
gold mine
Image caption တနိုင်တပိုင် က အကြီးစား တူးတဲ့ စနစ် ပြောင်း

မန္တလေး တိုင်း ရမည်းသင်း မြို့နယ်က မိုးထိ မိုးမိ တောင်ပေါ် ရွှေတွင်း မှာ ကုမ္ပဏီ ဘက်က ရုတ်တရက် အလုပ် နားခိုင်းလို့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ အလုပ်သမား တွေနဲ့ လုပ်ငန်းရှင် အသေးစား တွေက ကုမ္ပဏီ နဲ့ စေ့စပ် ခဲ့တယ်လို့ သိရပါတယ်။

အလုပ်ရှင် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီကို တပတ်ကြာ ဆန္ဒပြ ခဲ့ကြ တာပါ။

မနှစ် နှစ်ကုန်က စပီး အမြတ် တယောက် တဝက် နှုန်းနဲ့ ၅ နှစ် သဘော တူညီမှု ယူပီး ဒေသခံ လုပ်ငန်းရှင် တထောင်ကျော်ကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့ လုပ်ငန်းရှင် တွေဘက်က ဆိုပါတယ်။

၆ လ လောက်ရှိမှ အသေးစား တနိုင်တပိုင် ဒေသခံ တွေ လုပ်နေတာကို အကြီးစား တူးဖော်တဲ့ စနစ် ပြောင်းဖို့ လက်ရှိ လုပ်နေတဲ့ ဒေသခံ တွေကို နားခိုင်းလို့ နစ်နာတဲ့ ဒေသခံ တွေက ဆက်လုပ်ခွင့် ရဖို့ ဆန္ဒပြ နေကြတာပါ။

ကုမ္ပဏီ ဘက်ကို မေးကြည့်တော့ အကြီးစား ထုတ်လုပ်ရေးဘက် လိုက်လုပ်နိုင်မှ ဆန္ဒပြ နေသူတွေကို ဆက်လုပ်ခွင့် ပြုမယ် ဆိုပါတယ်။

တဘက် တဝက်စီ အမြတ်ခွဲဖို့ ကုမ္ပဏီ ဘက်က စာချုပ် ချုပ်မထားတဲ့ အတွက် ဆန္ဒပြသူ တွေ မကျေနပ်ရင် ဥပဒေ ကြောင်းအရ ရင်ဆိုင်သွား မယ်လို့ ဆိုပါတယ်။

ဒီကုမ္ပဏီကို စစ်မှုထမ်းဟောင်း တွေအပါအဝင် ၃၈ ယောက် အစုစပ် ဖွဲ့စည်း ထားပါတယ်။

၁၈ မိုင် ကျယ်ပီး ဧက ၆ ထောင်လောက် ရှိမယ်လို့ သိရပါတယ်။