ရခိုင်ပြည်နယ် နောက်ဆုံး အခြေအနေ

  • 10 ဇွန် 2012
rakkine
Image caption ရခိုင်ပြည်နယ်မှာ လုံခြုံရေးတွေ ချထားပြီ

မြန်မာ နိုင်ငံ အနောက်ပိုင်းက ရခိုင်ပြည်နယ် မှာတော့ ရခိုင် တိုင်းရင်းသား တွေရဲ့ နေအိမ် တွေကို မူဆလင် တွေက မီးရှို့ ဖျက်ဆီး တိုက်ခိုက်မှု တွေလုပ်ခဲ့ အပြီးမှာ လုံခြုံရေး တပ်ဖွဲ့တွေက အခြေအနေကို တည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့တဲ့ အကြောင်း စနေနေ့က နိုင်ငံပိုင် မီဒီယာ တွေက ကြေညာ ထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တော မြို့တွေဘက်မှာ အကြမ်းဖက်သူတွေကို လုံခြုံရေး တပ်တွေက သေနတ်ဖောက်ပြီး လူစု ခွဲခဲ့ရတယ်လို့ မြန်မာ့ အလင်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး မောင်တော ဆေးရုံကိုလည်း အကြမ်းဖက်သမား တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြောင်း ဖော်ပြထားပါတယ်။

လောလောဆယ် မှာတော့ စစ်တွေမြို့ဘက်က ရခိုင် တိုင်းရင်းသား ဒေသခံတွေက သူတို့ တွေတိုက်ခိုက်ခံ ရတဲ့ အကြောင်း ဘီဘီစီကို ပြောကြသလို မူဆလင်တွေ ဘက်ကလည်း တိုက်ခိုက်မှုတွေ ခံရတယ်လို့ ဆိုနေကြပါတယ်။

သောကြာနေ့က ဖြစ်ပွား ခဲ့တဲ့ မီးရှို့ တိုက်ခိုက်မှုတွေ မှာ လူ ၇ ဉီး သေဆုံး ခဲ့ရပြီး အိမ်ခြေ ၄၉၄ အိမ်အပြင် တည်းခိုခန်း တခုနဲ့ စျေးဆိုင် ၁၉ ဆိုင်တို့ ပျက်ဆီး ခဲ့ရကြောင်း ရုပ်မြင်သတင်းမှာ ကြေညာ သွားပါတယ်။

အခု တော့ မောင်တောမြို့မှာ ပုဒ်မ ၁၄၄ ကြေညာ ထားသလို ဘင်္ဂလား ပင်လယ်အော် ကန်းရိုးတန်း တလျှောက် မှာလည်း မြန်မာ ရေတပ်က လုံခြုံရေး ယူထားကြောင်း ရုပ်မြင် သတင်းမှာ ဆိုထားပါတယ်။

တခါ ပြန်ကြားရေး ဝန်ကြီးရုံးရဲ့ ဝဘ်ဆိုက်မှာ နေစရာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ တွေအတွက် ဘုန်းတော်ကြီး ကျောင်းတွေမှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ပေးထားပြီး ထိခိုက် ဒဏ်ရာရသူ တွေအတွက် ကျန်းမာရေးနဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနတွေက ဆရာဝန်တွေ စေလွှတ်ပေးထားတယ်လို့ ဖော်ပြထားကြောင်း အေပီ သတင်းမှာ ဖော်ပြထားပါတယ်။