ကရင်နီနဲ့ အစိုးရ ဆွေးနွေးပွဲ မပီးပြတ်

  • 11 ဇွန် 2012
knpp
Image caption အချက် ၃ ချက် ပြန်ဆွေးနွေးရမယ်

ဇွန်လ (၁၀)ရက် က ကရင်နီ တိုးတက်ရေး ပါတီနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့ ပထမ အကြိမ် နှစ်ရက်တာ ဆွေး နွေးပွဲ ည(၉) နာရီမှာ ပြီးသွားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဆွေးနွေးတဲ့ အ စည်းအဝေးမှာ မပြေလည် သေးတဲ့ အချက် (၃)ချက် ပြန်ဆွေးနွေးဖို့ ထပ်ရက်ချိန်း လိုက်ရတယ်လို့ ဆွေးနွေးပွဲ တက်နေတဲ့ ဗဟိုကော်မီတီ၀င် ဦးဒဲနီယာက ပြောပါတယ်။

အဓိက မပြေလည် တာကတော့ ကယားပြည်ထဲ ထိုးစစ် ဆင်လာတဲ့ ဧည့်တပ်တွေ ရုပ်ပေးဖို့၊ ပြီးတော့ တပ်နေရာချရေး မှာ သူတို့ တောင်းတဲ့ နေရာ အစိုးရက လက်မခံနိုင်တဲ့ ကိစ္စနဲ့ သံလွင်မြစ်မှာ ရေကာတာ ဆောက်နေတဲ့ ကိစ္စကို ရပ်ပေးဖို့ ဆိုတာတွေ မပြေလည်ဘဲ ဆက် ညှိနှိုင်းဖို့ သဘောတူခဲ့တယ် လို့ ဦးဒယ်နီယာက ပြောပါတယ်။

ကရင်နီ တိုးတက်ရေး ပါတီဟာ မတ်လ (၇)ရက်က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ တုန်းက အချက်(၂၀) တောင်းဆိုခဲ့ပါတယ်။

အဲဒီထဲက လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေ မှာ အဆင်ပြေ တယ်လို့ ဆိုပါတယ်။

အစိုးရ ဘက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်ကာ အရှေ့ပိုင်း တိုင်းမှူး ၊ ပြည်နယ် ဝန်ကြီးချုပ် ဝန်ကြီး တချို့ပါတဲ့ ကိုယ်စားလှယ်(၂ဝ) လောက် တက်ခဲ့ပြီး ကရင်နီ ဘက်က အတွင်းရေးမှူး(၁) ခူဦးရယ် ဦးဆောင်တဲ့ ကိုယ်စားလှယ်(၇) ဦး တက်ပါတယ်။