ရခိုင်ပြည်နယ် စစ်တွေမြို့ မငြိမ်မသက်ဖြစ်

  • 10 ဇွန် 2012
fire ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တွေမြို့ အိမ်ခြေတချို့ မီးရှို့ခံရ

စစ်တွေ မြို့ မင်းဂံရပ်ကွက် ၉ နဲ့ ၁ဝ ဘက်မှာ မြို့ခံ ရခိုင်တွေ နဲ့ အစ္စလာမ် ဘာသာဝင် တွေ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ရာက အိမ် မီးရှို့ ခံရ မှု ကြောင့် လူအသေအပျောက် ရှိကြောင်း မြို့ခံတွနဲ့ ရွာခံ တွေ က ပြောပါတယ်။

ဒီသတင်းတွေ မှန်မမှန် အတည်ပြုချက် ရအောင် စစ်တွေ က အမှတ် ၁ နဲ့ အမှတ် ၂ ရဲစခန်းတွေ ကို ဘီဘီစီ က တယ်လီဖုန်းဆက် မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိပါဘူး။ မောင်တောမြို့ ဘက်မှာတော့ ညမထွက်ရ အမိန့် ထုတ်ထားတဲ့ အတွက် ငြိမ်သက်မှု ရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် အခြေအနေ ငြိမ်နေပါတယ်။

လုံခြုံရေး တွေ ချထားပေမယ့် အင်အားနည်းပါးတဲ့ အတွက် နှစ်ဖက် ပဋိပက္ခ ကို မထိန်းနိုင်တဲ့ အကြောင်း၊ မီးရှို့မှုတွေ ဖြစ်ပွားရာမှာလည်း လုံခြုံရေး တာဝန်ခံ တွေ က သေနတ်တွေ မိုးပေါ်ထေါင် ဖေါက်ပြီး ထိန်းသိမ်း တဲ့ ကြားက လူအသေအပျောက် ရှိခဲ့ ကြောင်း မြို့ခံ၊ ရွာခံတွေ က ပြောပါတယ်။

နယ်စပ်ဂိတ်တွေ ကိုလည်း ပိတ်ထားတဲ့ အပြင်၊ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း တလျှောက် မှာလည်း မြန်မာ့ ရေတပ်မတော် က ကင်းလှည့် လုံခြုံရေး ယူထား ပါတယ်။