ရခိုင်အရေး ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂတို့ စိုးရိမ်

  • 11 ဇွန် 2012
Rakhine ဓာတ်ပုံ မူပိုင် AP
Image caption လူမျိုးရေး အဓိကရုဏ်းကြောင့် မီးရှို့ခံရတဲ့ ရွာတရွာ

ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်း တွေဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်က နယ်နမိတ်ချင်းထိစပ်နေတဲ့ နေရာတွေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ က လုံခြုံရေး တိုးမြှင့် ချထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဘက်က မွတ်ဆလင်တွေဟာနယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ကူးဝင် ခိုလှုံ လာတာ တွေရှိတယ်လို့ ကော့ဇ် ဘဇား ပြည်နယ် အရာရှိ တွေက ပြောပါတယ်။

အဲဒီတချို့ဟာ ဒဏ်ရာအနာတရ ဖြစ်နေကြတဲ့ အတွက် ဆေးဝါးကုသမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ အဓိကရုဏ်းဖြစ်ပွားရာနေရာတွေမှာ ကုလသမဂ္ဂက သူ့ဝန်ထမ်းတွေကို နေရာ ရွှေ့ပြောင်းမှု တွေ စတင် ဆောင်ရွက် ပေးနေပါပြီ။ ရခိုင် ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာပြီးနောက်မှာ ကုလသမဂ္ဂက အခုလို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ရခိုင် အမျိုးသမီးတယောက် ကို မွတ်ဆလင်တွေက သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမှုကနေ စတင်ပြီး အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားဖြစ်ပေါ်လာရာမှာ အခုထိ လူပေါင်း ၁၇ ယောက်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ