ရခိုင် ပဋိပက္ခ ဆက်လက် ဖြစ်ပွား

  • 11 ဇွန် 2012
Rakhine ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင် မွတ်စလင် ပဋိပက္ခ စစ်တွေမြို့ လုံခြုံရေး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ၂၄ နာရီကျော်ကြာမြင့် လာပြီ ဖြစ်ပေမဲ့ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွား နေဆဲဖြစ်ပါတယ်။

ရမ်းဗြဲမြို့အနီးက အစ္စလာမ်ဘာသာဝင် ကမန် လူမျိုး တွေရဲ့ ကျေးရွာကို မီးရှို့တိုက်ခိုက်မှု ရှိခဲ့ပြီး အစ္စလာမ် ဘာသာဝင်တယောက် သေဆုံးခဲ့ပါတယ်။

စစ်တွေမြို့မြောက်ဘက် ဗျိုင်းဖြူရွာနဲ့ သံတော်လီအနီးမှာ ရခိုင်လူမျိုးနဲ့ မွတ်ဆလင်တွေ တွေ့ဆုံပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ သေဆုံး မှု တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမှာတော့ မြို့တောင်ပိုင်းမှာ အနည်းငယ် မငြိမ်မသက် ဖြစ်တာကလွဲပြီး ယေဘုယျအားဖြင့် အေးဆေး ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့မှာတော့ အခြေအနေဟာ အေးဆေးငြိမ်သက်နေပါတယ်။

သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဉီးဇော်ဌေး ကတော့ အဓိကရုဏ်းတွေကို သူတို့ အနေနဲ့ တဆင့်ချင်း ဖြေရှင်း ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆောင်ရွက် ချက်တွေနဲ့ မပြေလည် ရင်တော့ မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာဖို့ပဲ ရှိတော့တယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရကလည်း ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေ ကြသူတွေ အတွက် ပြည်တွင်း၊ ပြည်ပ NGO တွေနဲ့ အများ ပြည်သူတို့က ကူညီကြဖို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ