တည်ငြိမ်ရေး ရခိုင် ပါတီ တောင်းဆို

  • 13 ဇွန် 2012
sittwe ဓာတ်ပုံ မူပိုင် AP
Image caption ပြဿနာ ရှင်းဖို့ အစိုးရမှာ တာဝန်ရှိ

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ရှင်းလင်းပွဲ လုပ်ပီး အခြေအနေ တည်ငြိမ်အောင် အစိုးရ၊ ပါတီ တွေနဲ့ ၈၈ မျိုးဆက်လို အဖွဲ့အစည်းတွေ ပူးတွဲ လုပ်ကြဖို့ တောင်းဆို ခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာ အရေးပေါ် ကြေညာ ထားပေမယ့် ထင်သလောက် တည်ငြိမ် မလာ သေးဘူးလို့ ALD ရခိုင် ပါတီ ဥက္ကဋ္ဌ ဦး အေးသာအောင်က ဘီဘီစီကို ပြောကြား ပါတယ်။

တချို့ ဒေသတွေမှာ မဖြစ်ခင်က ကြိုတင် ကာကွယ် တဲ့အနေနဲ့ လုံခြုံရေး ချထား စေလိုကြောင်းလဲ ပြောကြား ပါတယ်။

သံဃာ့ မဟာ နာယက အဆင့်ဆင့်၊ အစ္စလာမ် ဘာသာရေး အဖွဲ့ အဆင့်ဆင့် စတဲ့ ဘာသာရေး ဆိုင်ရာ အသီးသီး ထိန်းသိမ်း သွားတာက ပို ထိရောက်မယ် လို့လဲ သူက ဆိုပါတယ်။

ALD ဟာ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ က ရခိုင် ပြည်နယ်မှာ အများစု အနိုင်ရ ခဲ့ပါတယ်။