ဒေါ်အောင်ဆန်း စုကြည် ဥရောပ ခရီး စတင်

  • 13 ဇွန် 2012
Daw Aung San Suu Kyi met Burmese workers in Thailand ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း မဟာချိုင်က မြန်မာ အလုပ်သမား တွေကို တွေ့ဆုံခဲ့

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၂၄ နှစ် အတွင်း ပထမဆုံး ဥရောပ ခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်လိုက် ပါတယ်။

ငါးနိုင်ငံ ဥရောပ ခရီးစဉ်မှာ ပထမ ဆုံး ဆွစ်ဇာလန် နိုင်ငံကို ထွက်ခွါ သွားခဲ့တာပါ။

ဒီခရီးစဉ်ဟာ သီတင်း နှစ်ပတ်ကျော် ကြာမြင့်မှာ ဖြစ်ပြီး ၁၉၉၁ ခုနှစ်က အပ်နှင်း ခံခဲ့ရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုကို နော်ဝေ နိုင်ငံမှာ တရားဝင် လက်ခံ ရယူမှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပတဲ့ ILO ကမ္ဘာ့ အလုပ် သမား အဖွဲ့ချုပ် ညီလာခံမှာ အောင်ဆန်း စုကြည် မိန့်ခွန်း ပြောမှာ ဖြစ်တဲ့ အပြင် ဗြိတိန် နိုင်ငံ အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ် စလုံးမှာ မိန့်ခွန်း ပြောဖို့ ရှိပါတယ်။

ဒါ့အပြင် အိုင်ယာလန် နိုင်ငံ ဒတ်ဗလင် မြို့တော်မှာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက စီစဉ်တဲ့ ပွဲကိုလည်း တက်ရောက် ပါလိမ့်မယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ပြည်တွင်းကို ပြန်လည် ဝင်ခွင့် မရမှာ စိုးတဲ့ အတွက် ပြည်ပကို ထွက်ခွါဖို့ မကြာသေးခင် အချိန် အထိ ငြင်းဆန် ခဲ့တာ ဖြစ်ပါတယ်။