ILO က မြန်မာ ကို တရားဝင် ပြန် လက်ခံတော့မယ်

  • 13 ဇွန် 2012
ILO Logo
Image caption ILO နဲ့ မြန်မာ အစိုးရကြား သိသာတဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိလာ

မြန်မာ နိုင်ငံကို ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ တင်းပြည့် အဖွဲ့ဝင် အဖြစ် ဇွန်လ ၁၃ ရက်နေ့က စတင်ပြီး ပြန်လည် အသိအမှတ် ပြုတော့မှာ ဖြစ်ပါတယ်။

အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်ချက် တွေနဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ကြောင့် မြန်မာ နိုင်ငံ အပေါ် နည်းပညာ အကူအညီ အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု တွေကို ရပ်ဆိုင်း ထားခဲ့ရာ ကနေ ပယ်ဖျက်ဖို့ ဆုံးဖြစ်ခဲ့တာ ဖြစ်တယ်လို့ ILO ညွှန်ကြား ရေးမှူး ချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ် ကာရီ တာပီယိုလာက ပြောပါတယ်။

ဒါကြောင့် မြန်မာ နိုင်ငံ အနေနဲ့ ILO ရဲ့ လှုပ်ရှား ဆောင်ရွက်မှု တွေ အားလုံးမှာ ပါဝင်နိုင်တော့ မှာ ဖြစ်ပြီး နည်းပညာ ဆောင်ရွက်မှု အကူ အညီတွေလည်း ပြန်ရ တော့မယ်လို့ ဆိုပါတယ်။

အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး ပူးတွဲ အစီ အစဉ်တွေ အပြင် လွတ်လပ်စွာ စုဝေးခွင့်နဲ့ တခြား ကိစ္စရပ် တွေကိုလည်း ဆက်လက် ဆောင်ရွက် သွားမယ်လို့ မစ္စတာ တာပီယိုလာက ပြောပါတယ်။

ဆုံးဖြတ်ချက် မူကြမ်းကို လက်ခံ ဆုံးဖြတ် ထားပြီး ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ ညနေ ILO ညီလာခံ မှာ တရားဝင် အသိအမှတ်ပြု ကြမှာ ဖြစ်တယ်လို့လည်း မစ္စတာ တာပီယိုလာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ