မြန်မာပြည် ကိုကာကိုလာ လာမယ်

  • 15 ဇွန် 2012
coca cola
Image caption ကိုကာကိုလာ လာမရောင်းတာ နှစ်ပေါင်း ၆ဝ ကျော်

ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြုပ်နှံပြီး အချိုရည် ရောင်းချ တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုကာကိုလာ တိုက်ရိုက် မရောင်းချ ခဲ့တာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပါပြီ။

အရင်က ကမ္ဘာမှာ ကိုကာကိုလာ မရောင်းတဲ့ နိုင်ငံ သုံးနိုင်ငံပဲ ရှိခဲ့ရာကနေ အခုအခါ ကျူးဘားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံသာ ကျန်တော့မှာ ဖြစ်ပါတယ်။

ကိုကာကိုလာဟာ အရင် က မြန်မာ နိုင်ငံတွင်းကို အိမ်နီးချင်းနိုင်ငံကတဆင့် တင်သွင်း တာမျိုး ရှိခဲ့ပေမယ့် အခု တိုက်ရိုက် ရောင်းချမှာ ဖြစ်လို့ ပြည်တွင်း ကိုယ်စားလှယ်တွေ ထားရှိ ဖြန့်ဖြူးနိုင်မယ်လို့ ဆိုပါတယ်။

သုံးနှစ် နဲ့ ငါးနှစ် အကြားမှာ ထိထိရောက်ရောက် ရင်းနှီးမြုပ်နှံသွားမယ် လို့လည်း ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကို လျှော့ချ ခဲ့ပြီးနောက် အခုလို ရင်းနှီး မြုပ်နှံမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ မြန်မာနိုင်ငံက ကျွန်းသစ်နဲ့ ကျောက်မျက် ရတနာတွေ တင်ပို့ခွင့်ကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။