နမ်းဘီးယား ကြေညာချက် ထုတ်

  • 16 ဇွန် 2012
rakhine ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမြန်ဆုံး ကူညီဖို့ ကုလ သမဂ္ဂ ကို တောင်းဆို

မြန်မာ အစိုးရ နယ်စပ်ရေးရာ ဝန်ကြီး ဖိတ်ကြားချက်နဲ့ အရင် ၂ ရက်က ရောက်ခဲ့ တဲ့ ကုလ သမဂ္ဂ အထူး အကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်းဘီးယားက ၁၅ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဘူးသီးတောင် မောင်တော စစ်တွေမှာ လူ တသောင်း ငါးထောင်လောက် အခြေပျက် ဒုက္ခရောက် နေကြပီး စစ်တွေမှာ လူတသောင်းလောက် ရှိမယ်လို့ ဆိုပါတယ်။

ဒီသူတွေကို အမြန်ဆုံး အကူအညီပေးဖို့လဲ အထူး ကိုယ်စားလှယ်က ကုလ သမဂ္ဂ ကို တောင်းဆိုပါတယ်။

မြန်မာနိုင်ငံက လူမျိုးရေး အဓိကရုဏ်း များ ကြောင့် ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို လက်ခံ ဖို့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ ရုံးက တောင်းဆို လိုက်ပါတယ်။

ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင် များ ကြား ဖြစ်ပွားတဲ့ ပဋိပက္ခ တွေကြောင့် ထွက်ပြေး လာတဲ့ လှေစီး ဒုက္ခသည် တွေကို ဘင်္ဂလား ဒေ့ရှ် တပ်တွေက လှည့်ပြန် ခိုင်းတဲ့ အကြောင်း ခိုင်လုံတဲ့ ပေးပို့ချက်တွေ ရထားကြောင်း ဒုက္ခသည်များ ရုံးက ပြောကြား ပါတယ်။

အမျိုး သမီး ကလေးငယ်တွေနဲ့ ဒဏ်ရာ ရသူတွေ ပါလာတဲ့ လှေတွေမှာ အစာရေစာ နဲ့ ဆေးဝါး မပါဘဲ မျောကုန်တယ် ဆိုတဲ့ သတင်းတွေလဲ ရတယ်လို့ ကုလ သမဂ္ဂ က ဆိုပါတယ်။

မြန်မာပြည်က ဒုက္ခသည် ခန့်မှန်းခြေ ၃ သောင်း လောက် ဘင်္ဂလား ဒေ့ရှ် ဒုက္ခသည် စခန်း တွေမှာ ရှိနေပီးသား ဖြစ်မယ်လို့ ဒုက္ခသည် အေဂျင်စီ က ဆိုပါတယ်။

ဒီ ပဋိပက္ခ အတွင်း သတင်းဖော်ပြမှုကို မကျေနပ်လို့ သတင်း မီဒီယာ တွေကို ဆန္ဒပြမှု တွေမှာ ရန်ကုန်မှာ ဖြစ်ခဲ့သလို မလေးရှားမှာလဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာ သံရုံးရှေ့ ဆန္ဒပြ ကြတယ်လို့ သိရပါတယ်။

လတ်တလော မှာတော့ ပဋိပက္ခ ဖြစ်တဲ့ ရခိုင် ဒေသ တချို့ နေရာတွေမှာ ငြိမ်သက်တဲ့ ပုံ ရှိနေပီ ဖြစ်ပါတယ်။