ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် မိန့်ခွန်းပြော

  • 17 ဇွန် 2012
dassk ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်မိန့်ခွန်း ပြောကြားနေစဉ်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံရပြီး ၂၁ နှစ်ကြာ ခဲ့အပြီးမှာ နော်ဝေး နိုင်ငံ အော်စလို မြို့မှာ သူရရှိခဲ့တဲ့ နိုဘဲလ် ဆုအတွက် မိန့်ခွန်း ပြောကြား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံမှာ နေအိမ် အကျယ်ချုပ် ကျခံနေရပြီး အထီးကျန် ဖြစ်နေစဉ်မှာ ဒီဆုချီးမြှင့် ခံခဲ့ရတဲ့ အတွက် ပြင်ပ ကမ္ဘာနဲ့ တသားထဲကျ သလို ခံစား ခဲ့ရတဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မြန်မာ နိုင်ငံမှာ မကြာသေးခင်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး တွေဟာ အပြု သဘောဆောင် နေကြောင်းလဲ ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် မစဉ်းစား မဆင်ခြင်ဘဲ မျှော်လင့်ချက်တွေ သိပ်မထား ကြဖို့ ကိုလည်း သတိပေး ပြောကြား သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ရာမှာ မြန်မာနိုင်ငံ အတွင်း ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ တွေရှိနေသေး တဲ့အကြောင်း၊ နာမည်ကြီးတဲ့ လူတွေ လွတ်မြောက်လာခဲ့ လို့ လူသိများတဲ့ လူတွေကို မေ့ထားကြမှာ စိုးရိမ် စရာကောင်း တဲ့အကြောင်း၊ သူကိုယ်တိုင် လည်း အရင်က ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံခဲ့ ရသူ ဖြစ်ကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံရေး အကျဉ်းသား တယောက် ရှိနေပြီ ဆိုရင်တောင် ဒါဟာ သိပ်များလွန်းလို့ လက်ရှိ ထောင်သွင်း အကျဉ်းချ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကိုပါ တိုက်တွန်း တောင်းဆို လိုက်တဲ့ အခါမှာတော့ ဒီ အခမ်း အနားကို တက်ရောက်လာ ကြတဲ့ ပရိတ်သတ်ကြီးက လက်ခုပ် သြဘာတွေ ပေးခဲ့ ကြပါတယ်