ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ မေးမြန်းခန်း

  • 17 ဇွန် 2012
Image caption မိတ်ဆွေဟောင်း တွေနဲ့ ပြန်ဆုံရမှာမို့ ဝမ်းသာ ကြည်နူး ကြောင်းပြောပါတယ်

နော်ဝေးနိုင်ငံ အော့စလိုမြို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က ဗြိတိန်နိုင်ငံ ကို မကြာခင် ရောက်လာတော့ မှာ ဖြစ်တဲ့ အတွက် တချိန်က နေခဲ့ဖူးတဲ့ ကိုယ့်ဘဝ တစိတ်တပိုင်း ပတ်သက်ရာ ဝန်းကျင် ကို ဘယ်လို ပုံဖေါ် ထားပါသလည်း လို့ မေးကြည့် ရာမှာ ဒေါ်အောင်ဆန်းစုကြည် က မိတ်ဆွေဟောင်း တွေ နဲ့ ပြန်ဆုံရမှာ မို့ ဝမ်းသာကြည်နူး ကြောင်း ပြောပါတယ်။

နေအိမ်မှာ အကျယ်ချုပ် ခံရစဉ် ကာလတွင်း ကို ပြန်ပြောင်း တွေးမိရင် နောင်တရ မိပါသလား လို့ မေးရာမှာတော့ ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု အတွက် ပေးဆပ်ရမယ့် ပမာဏ ကြီးမားပုံ ကို အစကတည်း က သူ အပါအဝင် ပါတီ အဖွဲ့ဝင်တွေ ပါ သိထားကြောင်း၊ ဒါကြောင့် နောင်တမရတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဖြေပါတယ်။

ဗြိတိသျှ စီးပွားရေး ကုမ္ပဏီ တွေ ရင်းနှီးမြှုပ်နှံ ဖို့ မြန်မာနိုင်ငံ ရောက်လာရင်လည်း သူတို့ အနေနဲ့ ဒီမိုကရေစီ နဲ့ နှီးနွယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ပါ ယူဆောင်လာရင်း၊ စီးပွားရေး လုပ်ငန်းရှင် အသစ်တွေ ကို ဉီးစားပေးစေ လိုကြောင်း ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ကပင် မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့၊ စီးပွားရေး ဖွံ့ဖြိုးမှု အပေါ် အပြန်အလှန် ထိန်းသိမ်းနိုင်ရေး၊ လူ့ကျင့်ဝတ် နဲ့ အကျုံးဝင်တဲ့ စီးပွားကုန်သွယ် စနစ် ကို ဉီးစားပေးကြ စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ထဲမှာပင် ပြုပြင်ပြောင်းလဲ စရာတွေ ရှိနေတဲ့ အတွက် အများ စိတ်ဝင်စားတဲ့ ဒီရွေးကောက်ပွဲ ထက် အခု အချိန်က ပိုပြီး အရေးကြီးတဲ့ အကြောင်း ပြောပြ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ