မြန်မာနိုင်ငံမှာ အစိုးရ သတင်းစာ ရှိသင့်သေး သလား

  • 17 ဇွန် 2012
Image caption ဒေါ်စု သတင်းကို အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြ မယ်ဆိုရင် ကဲ့ရဲ့ မခံရတဲ့ အပြင် ချီးကျူးခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်

ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရ သတင်းစာ မရှိသင့်တော့ပြီလို့ ပြည်သူ့ခတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘဲယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရ သတင်းမီဒီယာတွေမှာ ဘာတခုမှာ ဖေါ်ပြခြင်းမရှိတဲ့အတွက် ဆရာ မောင်ဝံသကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆရာ မောင်ဝံသက အခုလို ကမ္ဘာရော မြန်မာပြည်သူတွေပါ ထောက်ခံအားပေးကြတဲ့ ငြိမ်းချမ်းရေး နိုဘဲယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် သတင်းကို အစိုးရက ဖေါ်ပြသင့်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သတင်းကို အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြမယ်ဆိုရင် ကဲ့ရဲ့ မခံရတဲ့ အပြင် ချီးကျူးခံရမှာ ဖြစ်တယ်လို့ မောင်ဝံသက ပြောပါတယ်။

အခုအစိုးရ သတင်းစာတွေကတော့ အစိုးရ ခေါင်းဆောင်တွေရဲ့ ခရီးသွားတာမျိုး လို သတင်းတွေကိုသာ ဖေါ်ပြနေကြာတဲ့ ပုံမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ CNN ရုပ်သံလိုင်းကို ထုတ်လွှင့်ပေးတဲ့ MRTV4 က လွဲလို့ အစိုးရနဲ့ ပတ်သက်တဲ့ သတင်းစာ ရုပ်မြင်သံကြားတွေမှာ ဒီအကြောင်း ဖေါ်ပြတာ မရှိပါ။