ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ခရီးစဉ်

  • 19 ဇွန် 2012
Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာတွေနဲ့ Royal Festival Hall မှာ ဇွန်လ ၂၂ ရက်နေ့ တွေ့ဖို့ရှိ

ဒေါ် အောင်ဆန်းစုကြည် ဟာ လန်ဒန်ကို တနင်္လာ နေ့ညနေက ရောက်လာပါပီ။

အင်္ဂါ နေ့ မနက် မှာ လန်ဒန် ဓနဗေဒနဲ့ နိုင်ငံရေး သိပ္ပံကျောင်း (LSE) မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ ဆိုင်တဲ့ ဆွေးနွေး ပွဲ တက်မှာပါ။

ဇွန် ၁၉ ရက် အင်္ဂါ နေ့ဟာ သူ့မွေးနေ့လဲ ဖြစ်တာမို့ မိသားစုနဲ့ နေခဲ့တဲ့ အောက်စဖို့ဒ် မြို့ကို ညနေ သွားပါမယ်။

ဗုဒ္ဓဟူး နေ့မှာ အောက်စဖို့ဒ် တက္ကသိုလ်က ၁၉၉၃ က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို လက်ခံယူ မှာပါ။

ကြာသပတေး နေ့မှာတော့ ဗြိတိသျှ ပါလီမန် လွှတ်တော် ၂ ရပ်လုံးမှာ မိန့်ခွန်း ပေးပါလိမ့်မယ်။

သောကြာနေ့မှာ ဗြိတိန် ရောက် မြန်မာတွေနဲ့ တွေ့ဆုံ နှုတ်ဆက်မှာ ဖြစ်ပီး အဆိုတော် မာမာအေး၊ ဇာဂနာ စတဲ့ ဧည့်သည် အနုပညာရှင် တွေက ဒေသခံ တွေနဲ့ ပူးတွဲ ဖျော်ဖြေ ကြမှာ ဖြစ်ပါတယ်။

၂၅ ရက်နေ့မှာ ပြင်သစ်ကို ခရီးဆက် ပါလိမ့်မယ်။