BBC navigation

အိုင်ယာလန် နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲတက်

နောက်ဆုံး ရေးသားချိန် 19 ဇွန်လ 2012 - 01:35 GMT
ဥရောပခရီးစဉ် အတွင်းကြိုဆိုမှုများ

ဥရောပခရီးစဉ် အတွင်းကြိုဆိုမှုများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်

ဇွန် ၁၄ : ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ မိန့်ခွန်း။

ဇွန် ၁၅ : ဆွစ်ပါလီမန်ကို သွားရောက်။ နော်ဝေကို ဆက်လက်ထွက်ခွာ။

ဇွန် ၁၆- ၁၈: နော်ဝေမှာ နိုဘဲလ်ဆု မိန့်ခွန်းပြော။

ဇွန် ၁၇: Rafto လူ့အခွင့်အရေးအဖွဲ့နဲ့ နော်ဝေနိုင်ငံ ဘာဂန်မြို့မှာ တွေ့ဆုံ။

ဇွန် ၁၈ :အော်စလိုဖိုရမ်မှာ ဦးဆောင်ဆွေးနွေး။

ဇွန် ၁၈ :အိုင်ယာလန် မှာ ဂုဏ်ပြုပွဲတက်ရောက်မယ်။

ဇွန် ၁၉ :LSE ဆွေးနွေးပွဲ၊ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို အလည် အပတ် ရောက်ရှိ၊ ညနေပိုင်း အောက်စ်ဖို့ဒ်မှာ မိသားစုနဲ့ မွေးနေ့ပွဲ ကျင်းပ။

ဇွန် ၂၀ :အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ကို လက်ခံယူ။

ဇွန် ၂၁: ဗြိတိသျှပါလီမန် ၂ ရပ်လုံးမှာ မိန့်ခွန်းပြော။

ဇွန် ၂၂ : လန်ဒန်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ။

ဇွန် ၂၅ : သံဃာတော်တွေကို လန်ဒန်မှာ ဆွမ်းကပ်။

ဇွန် ၂၆ : ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိ၊ ပြင်သစ် သမ္မတနဲ့တွေ့ဆုံ။

ဇွန် ၂၇ :

၂ဝဝ၄ ခုနှစ်က ပါရီမြို့က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် မြို့သူ ဆုကို လက်ခံရယူ၊ မနက်ပိုင်းမှာ ပြင်သစ်
နဲ့ ဥရောပ နိုင်ငံ တွေကအဝေးရောက်
မြန်မာ
တွေနဲ့ တွေ့ဆုံ။

ဇွန် ၂၉:

မြန်မာနိုင်ငံကို ပြန်ပြီ။

ဥရောပခရီးလှည့်လည်နေတဲ့ အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံကနေ အိုင်ယာလန်ကို ခရီးဆက်ထွက်ခဲ့ပြီး ဒပ်ဘလင် လေဆိပ်မှာ အိုင်ယာလန်နိုင်ငံခြားရေး ဝန်ကြီးနဲ့မြန်မာ အပါအဝင် ကလေးငယ်တွေက ကြိုဆိုခဲ့ကြပါတယ်။

အဲဒီကတဆင့် Amnesty International (AI) လူ့အခွင့်ရေးအဖွဲ့ကြီးက ချီးမြှင့်တဲ့ Ambassador of Conscience ဆိုတဲ့ဆုကြီးကို ယူတူးတေးဂီတ အဖွဲ့မှအဆိုတော် ဘိုနိုက ချီးမြှင့်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဆုတွေကြောင့် တကိုယ်တည်းလို့မခံစားရဘဲ ကြီးမားတဲ့တာဝန်တွေအတွက် ခွန်အားတွေဖြစ်စေတယ်လို့ဆိုပါတယ်။ အခု ပေးတဲ့ဆုကို ၂၀၀၉ ခုနှစ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

AI အဖွဲ့ကြီးရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကော်လန်အိုဂိုဟန်က အခုအခါ လွန်ခဲ့တဲ့ ၃နှစ်ကပေးခဲ့တဲ့ဆုကို ဒေါ်စုကိုယ်တိုင် လာယူနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ရည်မှန်းချက်အောင်ပြီ ၊ ပြီးတော့ ၂၀၀၀ ခုနှစ်က ပေးခဲ့တဲ့ လွတ်လပ်တဲ့ ဒပ်ဘလင်ဆုကိုလည်း ပရိသတ် ရှေ့မှောက်မှာ ချီးမြှင့်နိုင်ခဲ့တယ် အဲဒီမှာ ရာနဲ့ချီတဲ့ပြည်ပရောက် မြန်မာတွေအပြင် အိုင်ရစ်လူမျိုး၅၀၀၀ ကျော်တက်ရောက်ခဲ့တယ်။ ဒပ်ဘလင်ရဲ့လွတ်လပ်တဲ့နိုင်ငံသား အဖြစ်အခုဒေါ်စုခံယူသွားနိုင်ပြီလို့ပြောပါတယ်။

ဒါ့အပြင် ကော်လန်က ဆက်ပြောရာမှာ အခုကျင်းပတဲ့ ပွဲ၂ခုလုံးဟာ အလွန်ပျော်ရွှင်အားရ စရာ ကောင်းပါတယ်။ ဘယ်တော့ပြန်လွတ်မလဲလို့မမျှော်လင့်နိုင်တဲ့ ဒေါ်စုအခုလူကိုယ်တိုင်ကမ္ဘာကိုထွက်ပြီး ခရီးသွားနိုင်သလို ပြည်သူတွေရဲ့အသံကိုလည်းပြောပြနိုင်လို့ ဒါတွေကို ဂုဏ်ပြုကျင်းပတာဖြစ်တယ်။ မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပြင် လူ့အခွင့်ရေးချိုးဖေါက်တွေ ဆက်ရှိနေတာကို လည်းကြိုးပမ်း ဆောင်ရွက်ဖို့လည်း ဆန္ဒပြုကြတယ်လို့ AI အဖွဲ့က ပြောပါတယ်။

လူထု အခမ်းအနားမှာဒီကနေ့ကျရောက်တဲ့ဒေါ်စုမွေးနေ့အကြို ဂုဏ်ပြုကြပြီးပြည်ပရောက် ကရင်တိုင်းရင်းသားတွေကလည်း ရိုးရာသီချင်းတွေ သီဆိုပါဝင်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။