ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘီဘီစီ

  • 20 ဇွန် 2012
ဓာတ်ပုံ မူပိုင် bbc

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန BBC Broadcasting House ကို ဇွန်လ ၁၉ ရက်နေ့ က လာရောက်တဲ့ အခါမှာ ဘီဘီစီ ဝန်ထမ်းတွေ အတွက် အမှတ်ရစရာ ကြည်နူးစရာတွေ ကျန်ရစ်ခဲ့ပါတယ်။

ပြန်ပြောင်းပြောရရင် မနှစ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ ဘီဘီစီ ပါရှန် ရုပ်မြင်သံကြားဌာန က အာလီဟာမက် ဒါနီက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီဒီယို ဆက်သွယ်မေးမြန်းခန်း ပြုလုပ်ရာမှာ ပါရှန် သောတရှင်တဉီး က ဒေါ်အောင်ဆန်းစုကြည် ကို လေလှိုင်းပေါ် ကနေ ပန်းလက်ဆောင် ပေးဖို့ မှာကြား ပါတယ်။

တနေ့ အခွင့်သာရင် အာလီကိုယ်တိုင် ပန်းလက်ဆောင် ပေးနိုင်လိမ့်မယ် လို့လည်း မျှော်လင့်တဲ့ အကြောင်းလည်း သောတရှင် က ပြောခဲ့ ပါတယ်။ ဒီ ရုပ်မြင်သံကြား အစီအစဉ် ကို ကြည့်မိတဲ့ အီရန် သောတရှင် တဉီးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံ ပိုစတာ အောက်မှာလည်း ဘယ်တော့မှ လက်မလျှော့ ပါနဲ့၊ ယုံကြည်စိတ် ခိုင်ခိုင် ထားပါလို့လည်း ရေးထားပါတယ်။

အီရန်ပြည်သူတွေ အနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်တာဗျူး ကို နားဆင်ပြီး စိတ်ခွန်အား တွေ ပြည့်ဝ လာခဲ့ပါတယ်လို့ ဆိုကြပါတယ်။ အခု ဒီနှစ် ၆၇ နှစ် မွေးနေ့ မှာတော့ ထူးခြားတိုက်ဆိုင် သွားသလို အာလီဟာ သောတရှင် တွေ ကိုယ်စား၊ သောတရှင်တွေ တောင့်တချက် ကို ဖြည့်စည်းပေးတဲ့ အလား၊ ဒေါ်အောင်ဆန်းစုကြည် ကို သစ်ခွ ပန်းခိုင်တွေ ကိုယ်တိုင် လက်ဆောင် ပေးနိုင်ခဲ့ပါပြီ။

အာလီရဲ့ သောတရှင်တွေ ဆန္ဒ မမျှော်လင့်ပဲ ပြည့်ဝ သလို၊ ဘီဘီစီ မြန်မာဌာန ဝန်ထမ်း တွေ နဲ့ မွေးနေ့ ပွဲ ဆင်နွှဲခွင့် ရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်အိမ် ကိုယ့်ယာ ပြန်လာရသလို နွေးထွေး ကြည်နူးမိကြောင်း ပြောပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ