ကေအိုင်အိုနဲ့ အစိုးရ ငြိမ်း အဖွဲ့ ထပ်တွေ့

  • 20 ဇွန် 2012
KIO Soldiers ဓာတ်ပုံ မူပိုင် AP
Image caption ကေအိုင်အေ တပ်သားများ

KIO ကချင် လွတ်လပ်ရေး အဖွဲ့က ကိုယ်စားလှယ် တွေနဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ က ကိုယ်စားလှယ်တွေ ဇွန်လ ၂၀ ရက် ဗုဒ္ဓဟူး နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကေအိုင်အို ဘက်က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပါ အဖွဲ့နဲ့ အစိုးရ ဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ဟာ ကချင်ပြည်နယ် မိုင်ဂျားယန် မြို့မှာ သုံးနာရီ လောက် ကြာအောင် ဆွေးနွေး ခဲ့ကြ တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အစိုးရ ဘက်က စစ်တပ် အရာရှိကြီးတွေ ပါဝင်တဲ့ တရားဝင် ဆွေးနွေး မှုတွေကို လာမယ့် ဇူလိုင် လဆန်းမှာ ပြုလုပ် နိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက ပြောပါတယ်။

ဒီတကြိမ် ဆွေးနွေးပွဲဟာ သုံးကြိမ်မြောက် နှစ်ဘက် အလွတ် သဘော တွေ့ဆုံ ဆွေးနွေးမှု လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ