ရခိုင်ပြည်နယ် အဓိကရုဏ်း အလောင်းတွေ ထပ်မံတွေ့ရှိ

  • 21 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အခုအချိန်အထိ သေဆုံးသူ ၆၄ ဦးရှိသွားပြီ ဖြစ်တယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာက အသတ်ခံခဲ့ရတဲ့ ရခိုင် (၁၀) ဦး အလောင်းကို အနောက်ပြင် မွတ်ဆလင်ရွာက အာဏာပိုင်တွေက ဒီကနေ့မှာ ရှာဖွေ ဖေါ်ထုတ် ရရှိခဲ့ပါတယ်။

အခုအခါ အလောင်းတွေကို အနောက်ပြင်ကနေ ကူတောင် ကျေးရွာကို ယူဆောင်လာခဲ့ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊ (အလောင်းပြန်လည်ရရှိ)၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြပါတယ်။

ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း ဖြစ်ပွားသည့် ဇွန်လ ၁၉ ရက်နေ့ ရရှိခဲ့ပါတယ်။ သေဆုံး (၁၁) ဦး ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို့ ပို့)၊ ဦးဌေးချေ (ဒဏ်ရာရ-ယမ်းထောင်းသေနတ် ဒဏ်ရာ)၊ ဦးလှထွန်းသိန်း (အတွင်းလူနာ-ယမ်းထောင်းသေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ