တာလီဘန် တိုက်ခိုက်မှု ၁၉ ဦးသေ

  • 22 ဇွန် 2012
Afghan ဓာတ်ပုံ မူပိုင် AP
Image caption ရေကန် ဘေးက ဟိုတယ်ကို တာလီဘန် တွေက ဝင် စီးခဲ့ တာပါ

အာဖဂန်နစ္စတန် နိုင်ငံက နာမည်ကြီး ဟိုတယ် တခုမှာ အာဖဂန် ရဲတွေနဲ့ တာလီဘန် သူပုန်တွေ ကြား တိုက်ပွဲ ဖြစ်ခဲ့ ရာမှာ အရပ်သား ၁၅ ဦး သေဆုံး သွားခဲ့ ပါတယ်။

သေဆုံး သူတွေ ထဲမှာ လုံခြုံရေး အစောင့် သုံးဦး၊ ရဲအရာရှိ တဦးနဲ့ သူပုန် တွေလည်း ပါဝင် ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင် တွေဟာ မြင်ကွင်း ကောင်းတဲ့ မနက် မိုးလင်း ချိန်မှာ ဟိုတယ် ထဲကို နောက်ဆုံး ဝင်ရောက် စီးနင်း ခဲ့ကြ တယ်လို့ ဟိုတယ် အပြင်ဖက်မှာ ရောက်နေတဲ့ အာဖဂန် သတင်း သမား တဦးက ပြောပါတယ်။

တာလီဘန် သူပုန် တွေဟာ ကာဘူးမြို့ အနီးက ရေကန် ဘေးမှာ ရှိတဲ့ ဟိုတယ် တခုကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဝင်စီးနင်း ခဲ့တာ ဖြစ်ပါတယ်။

သူတို့က နိုင်ငံခြားသား တွေနဲ့ အာဖဂန် အရာရှိ တွေဟာ အကျင့် စာရိတ္တ ပျက်ပြား နေသူတွေ ဖြစ်တယ်၊ အဲဒီ ဟိုတယ်မှာ အရက် သောက်ပြီး၊ စည်းကမ်း မရှိ ပါတီပွဲတွေ ကျင်းပ နေကြတယ် လို့ စွပ်စွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ