ရခိုင် နယ်စပ် ကုန်သွယ်ရေး ပိတ်ထား

  • 23 ဇွန် 2012
boat
Image caption အဓိကရုဏ်းတွင်း ငါးလှေ နှစ်စင်းသာဝင်

ရခိုင် အဓိကရုဏ်း ကြောင့် နယ်စပ် အသွား အလာ တွေ ပိတ်ထားတဲ့ အတွက် ဘင်္ဂလား- မြန်မာ နယ်စပ် ကုန်သွယ်ရေး ထိခိုက် နေတယ်လို့ သိရပါတယ်။

ဒီလို ရပ်တန့် နေတာ ရက် ၂ဝ ကျော် နေပါပြီ။

ဒီကြားထဲ ရခိုင် ဘက်က ဘင်္ဂလားကို ငါးလှေ နှစ်စင်းပဲ ပို့နိုင်တယ်လို့ သိရပါတယ်။

အရောင်းအဝယ် မရှိလို့ မြန်မာ ပစ္စည်းတွေ ဟိုဘက်မှာ နှစ်ဆ စျေးတက် ကုန်ပါတယ်။

လုံခြုံရေး တိုးချပြီး နယ်စပ် ကို နှစ်ဘက်လုံးက ပိတ်ထားလို့ နိုင်ငံကူး လက်မှတ်နဲ့ သွားလား ဖောက်ကား တာလဲ မရှိ ဖြစ်သွား ပါတယ်။

ဇွန်လ ၃ဝ မှာ အစည်းအဝေး ထိုင်မယ်လို့ သိရပြီး ပြန်ဖွင့် ပေးမယ်လို့ မျှော်လင့် နေကြ ပါတယ်။