အစိုးရသတင်းစာ မလိုတော့ဘူးလား

  • 22 ဇွန် 2012
Newspaper
Image caption အစိုးရသတင်းစာတွေ လိုသေးသလား။

ဒီမိုကရေစီခေတ်ကို သွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရသတင်းစာ မလိုတော့ဘူး ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိလာပါပြီ၊ ဒီတော့ အခုလတ်တလော အခြေအနေမှာ တကယ်ကို အစိုးရသတင်းစာတွေ မလိုတော့ဘူးလား။ သောတရှင်တွေ အနေနဲ့ ဘယ်လို ထင်မြင် ယူဆပါသလဲ။ ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

သောတရှင်တွေ ပါဝင် ဆွေးနွေးကြမယ်ဆို ဘီဘီစီရဲ့ တယ်လီဖုန်း နံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ မှာ အသံသွင်း ပြောထားခဲ့နိုင်သလို ဘီဘီစီရဲ့ အီးမေးလ် Burmese@bbc.co.ukကို ကြိုတင် ဆက်သွယ်နိုင်ကြပါတယ်။