တိုက်ပွဲတွေကြား ဝန်ထမ်းတွေ ပိတ်မိ

kachin ဓာတ်ပုံ မူပိုင် BBC World Service
Image caption စစ်ကြောင့် သွားလာရေး အထူး ခက်ခဲ

KIA နဲ့ မြန်မာ အစိုးရတပ် ကြား တိုက်ပွဲ ဖြစ်နေ လို့ ကချင် ပြည်နယ် အရှေ့စွန်း ချီဖွေ မှာ တာဝန်ကျတဲ့ ဝန်ထမ်း ဆရာဝန် သူနာပြုတွေ အခက် ကြုံနေပါတယ်။

လစာ မရတာ သုံးလ ကြာနေပြီး စစ်ပွဲ ကြာရှည် နေလို့ ရိက္ခာလဲ ပြတ်တောက် နေကြပါတယ်။

အသွားအလာ ခက်တဲ့ ဆော့လော် ဘက်မှာ လစာမရဘဲ ဆရာမ သုံးယောက် ပိတ်မိ နေတယ်လို့ ဆိုပါတယ်။

ဆရာဝန် တွေကို မြစ်ကြီးနားမှာ တွဲဘက် ချထားတယ်လို့ လဲ သိရပါတယ်။

လူသူ မရှိတဲ့ နေရာမှာ ဘယ်ဘက်က လာပစ်မှာ မသိဘဲ စိုးရိမ် နေရလို့ သူတို့ကို ဒီနေရာ တွေကို ဘေးမကင်းဘဲ မလွှတ်သင့်ဘူး လို့လဲ ဆိုပါတယ်။