မြဝတီ ရွှေဆိုင် ဝင်စီး

  • 25 ဇွန် 2012
Image caption လက်နက်ကိုင် ပေါတဲ့ နယ်စပ် မြဝတီ

ထိုင်း - မြန်မာနယ်စပ် မြဝတီ မြို့လယ် ဘုရင်နောင် စျေးကြီး အရှေ့က အင်ပါယာ ရွှေဆိုင်ကို ဓားပြ သုံး ယောက် က နေ့ခင်းကြီး သေနတ်တွေ ဖောက်ပြီး ရွှေတွေ ဝင်လု သွားပါတယ်။

ဓားပြတွေက ရွှေထည် ထည့်တဲ့ မှန်သေတ္တာ တွေကို ရိုက်ခွဲပြီး အထည်ရွှေ ၃ ပိဿာနီး ပါး လုယူသွား တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

မှန်သေတ္တာတွေ ရိုက်ခွဲတဲ့ အချိန်မှာ မှန်စတွေ ထိတဲ့ ဆိုင်က အရောင်း စျေးသည် မိန်းကလေး ၆ ယောက် ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။

ရွှေဆိုင် ပိုင်ရှင်တွေကို ဆက်သွယ် ပေမယ့် မှတ်ချက် မပေးပါဘူး။

မြဝတီ ရဲစခန်းကို ဆက်သွယ် တော့လဲ ဖုန်းမကိုင် ပါဘူး။

လက်နက်ကိုင် တပ်ဖွဲ့တွေ စုံတဲ့ မြ၀တီမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က လက်နက်တွေ နဲ့ ရွှေဆိုင် ဓားပြတိုက် ခံရဖူး ပါတယ်။

ဒါပေမဲ့ အဲဒီဓါးပြတွေကို အခု အချိန်အထိ မဖမ်းနိုင် သေးဘူးလို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။

ထိုင်းဘက်က မဲဆောက်မှာလို ရဲစခန်းက ရွှေဆိုင်တွေကို လုံခြုံရေး ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။