BBC navigation

ရခိုင် ယူနန် ဓာတ်ငွေ့ ပိုက်လိုင်း ကိစ္စ သတင်းစာ ရှင်းလင်းပွဲ

နောက်ဆုံး ရေးသားချိန် 24 ဇွန်လ 2012 - 17:05 GMT

သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေလည်း အများ အပြား ရှိခဲ့တယ်လို့ ဆိုပါတယ်

ရခိုင်ပြည်နယ်ကနေ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ တခုက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရုတ် ကုမ္ပဏီကနေ ရှင်းပြရာမှာ ပိုက်လိုက် ဖေါက်လုပ်တဲ့ နေရာတွေ တလျှောက် မြေယာတွေ သိမ်းတဲ့ နေရာမှာ လျော်ကြေး ပေးခဲ့တယ်လို့ ပြောပါတယ်။ လျော်ကြေး အတွက် စျေးနှုန်း သတ်မှတ်ရာမှာ အစိုးရ သတ်မှတ်ချက်၊ ကုမ္ပဏီရဲ့ သတ်မှတ်ချက်နဲ့ လယ်သမားတွေ လိုချင်တဲ့စျေး၊ သုံးခုစလုံးကို ညှိနှိုင်းပြီး လျော်ကြေး ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

လယ်ယာမြေ အသိမ်းခံလိုက်ရတဲ့ လယ်သမားတွေက တကယ်တော့ ကျေနပ်မှု မရှိခဲ့ကြဘူးလို့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးကျော်သီဟက ပြောပါတယ်။ အခုလို ညှိနှိုင်းပြီး လျော်ကြေး ပေးခဲ့တယ် ဆိုတာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

လယ်သမားတွေဟာ လျော်ကြေးငွေကို လိုချင်ကြတာ မဟုတ်ဘဲ အစိုးရနဲ့ လုပ်နေတဲ့ စီမံကိန်းဖြစ်လို့ မဖြစ်မနေ ပေးအပ်လိုက်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေကလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်သီဟဟာ ပြင်ဦးလွင်မြို့နယ်အတွင်း ပိုက်လိုင်း လမ်းကြောင်းမှာပါတဲ့ လယ်သမားတွေရဲ့ တိုင်းကြားချက်တွေကို လေ့လာသိရှိနေတဲ့ သူ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။