ရေစကြို မြစ်ဆုံမှာ ရေကြီး မြေပြို

  • 29 ဇွန် 2012
burmese ဓာတ်ပုံ မူပိုင် Getty
Image caption မြစ်ဆုံအောက်က ရွာတွေ ရွာလုံးကျွတ် ရွှေ့ပြောင်း

ချင်းတွင်း ဧရာ မြစ် နှစ်ခွဆုံတဲ့ ရေစကြို မြို့နယ်မှာ မိုးဦးကျ မြစ်ရေကြီး ချိန်မှာ မြစ်ကြီး နှစ်ခုလုံးက ရေတက်လာပြီး ရေတိုက်စားလို့ မြစ်ဆုံအောက် ဧရာ၀တီ မြစ်မကြီးဘေးက ကျေးရွာတွေမှာ ရွာလုံးကျွတ် ရွှေ့ပြောင်း နေရပါတယ်။

ရေစကြို မြို့နယ်က အိမ်ခြေ ၂ဝဝ ကျော်စီရှိတဲ့ ငါးလံ၊ လေးရာပြည့် ၊ ငမြာကြီး ဆိုတဲ့ ရွာတွေမှာ လူနေအိမ် တွေကို အင်နဲ့အားနဲ့ ရွှေ့ နေရတယ်လို့ သိရပါတယ်။

ငမြာကြီးရွာက အိမ် ၇ဝ ကျော် ရွှေ့ပြေး ရပြီလို့ ဒေသခံ တွေက ဆိုပါတယ်။

ရတဲ့ နေရာမှာလဲ တဧက ၁၅ သိန်း ပေးပြီး မြေဝယ် နေရတာမို့ မဝယ်နိုင်သူ တွေ ဒီတိုင်း နေရာမရဘဲ နေနေရတယ်လို့ ဆိုပါတယ်။

ရေဦးတိုက် ရေစီး သန်သန်နဲ့ ပြိုနေတာမို့ လုပ်စားဖို့ မြေလဲ မကျန်တဲ့ အပြင် မြေနု ကျွန်းတွေလဲ မပေါ် သေးတာမို့ သူများ ရွာတွေမှာ လိုက်ပြီး လုပ်ကိုင် စားရမယ်လို့ သိရပါတယ်။