ဒဲရက်ခ်မစ်ချဲလ်ကို သံအမတ် စာရင်းတင်သွင်း

  • 30 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်တာလည်း ဖြစ်ပါတယ်

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ယူခဲ့သူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော်က သောကြာနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ဟာ အာရှပစိဖိတ်ဆိုင်ရာ ထိပ်တန်း ကာကွယ်ရေး အရာရှိ အဖြစ်အရင်က တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲတွေ ဆောင်ရွက်နေပြီလို့ အမေရိကန် ပြည်ထောင်စုက ယူဆဆုံးဖြတ်ပြီးနောက်ပိုင်းမှာ အခုလို သံအမတ်ပြန်လည် ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။