ဒဲရက်ခ်မစ်ချဲလ်ကို မြန်မာနိုင်ငံ သံအမတ် အဖြစ်ခန့်အပ်

  • 30 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်

နှစ်ပေါင်း ၂၂ နှစ် ကာလတာအတွင်း မြန်မာနိုင်ငံအတွက် ပထမဦးဆုံး အမေရိကန်သံ အမတ်ကို အမေရိကန် ဆီးနတ် လွှတ်တော် ကနေ အတည်ပြု ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကစလို့ တာဝန်ယူခဲ့သူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲ တွေလုပ်ဖို့ မြန်မာအစိုးရကို ညှိနှိုင်း တိုက်တွန်း မှုတွေ လုပ်ခဲ့သူလည်း ဖြစ်ပြီး၊ သူဟာ အာရှ ပစိဖိတ်ဆိုင်ရာ ထိပ်တန်း ကာကွယ်ရေး အရာရှိ အဖြစ် အရင်က တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင် တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ