ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ဖို့ မကျိန်းသေ

  • 1 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော်မှာ မေလတုန်းက ဒေါ်အောင်ဆန်း စုကြည် ကျမ်းကျိန်ပြီးသား ဖြစ်ပါတယ်

ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေး ပထမ သုံးရက်မှာ တက်ရောက်ဖို့ မကျိန်းသေ သေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် အမတ်တဦးက ပြောပါတယ်။

၁၇ ရက်ကြာ ဥရောပ ခရီးကနေ စနေနေ့ကမှ မြန်မာနိုင်ငံကို ပြန်လည် ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလာတဲ့ အတွက် လွှတ်တော် အစည်းအဝေး ပထမသုံးရက် ပျက်ကွက်ခဲ့မယ် ဆိုရင် အဲဒီ အတွက် ခွင့်တင်ထားတယ်လို့ အဲဒီ အမတ်က ပြောပါတယ်။

ဒါပေမယ့်လည်း NLD က ရွေးကောက်ပွဲ အနိုင်ရ တခြား ကိုယ်စားလှယ်တွေ ကတော့ ဇူလိုင်လ ၄ ရက် ဗုဒ္ဓဟူးနေ့က စလို့ လွှတ်တော် အစည်းအဝေး တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မတက်ရောက် နိုင်ခဲ့ရင်လည်း ဒါဟာ ခဏတာ ဖြစ်လို့ အားမလျော့ ကြောင်းနဲ့၊ ဒီကြားထဲမှာ NLD က တခြား ကိုယ်စားလှယ်တွေ စုပေါင်း တိုင်ပင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NLD မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ဘီဘီစီ ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တကယ်လို့ ခွင့်ယူတယ် ဆိုရင်လည်း ဒါဟာ တခြား အကြောင်း ကိစ္စတွေနဲ့ ပတ်သက်မှု မရှိဘဲ၊ ကျန်းမာရေးကြောင့်ပဲ ဖြစ်မယ်လို့ ထင်ကြောင်း သူက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ