ကမ္ဘာ့ဘဏ်တွေ မြန်မာကို ကူညီဖို့ နီးစပ်

  • 2 ဇူလိုင် 2012
world_bank
Image caption မြန်မာနိုင်ငံကို အကူအညီ ပြန်ပေးတော့မယ့် ကမ္ဘာ့ဘဏ်

မြန်မာနိုင်ငံကို အကူအညီတွေ လာမယ့် တနှစ်လောက် အတွင်းမှာ အပြည့်အဝ ပြန်ပေးနိုင်ဖို့ အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ ကမ္ဘာ့ဘဏ်တို့ သဘောတူညီချက် တခုရဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ ADB ရဲ့ အကြီးတန်း အရာရှိ တဉီးက စနေနေ့က ပြောပါတယ်။

ဒီလို အကူအညီတွေ ပြန်မပေးနိုင်ခင်မှာ အရင်က ပေးခဲ့တဲ့ ဖွံ့ဖြိုးရေး အစီအစဉ် တွေက ဒေါ်လာသန်းပေါင်းများစွာ ရှိတဲ့ အကြွေးတွေကို မြန်မာဘက်က ပြန်လည် ပေးဆပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ် တွေကို မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နင်း ခဲ့အပြီးမှာ ရပ်ဆိုင်း ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအကြွေးတွေရဲ့ ပမာဏ ကတော့ မနီလာမှာ အခြေစိုက်ထားတဲ့ ADB အပေါ်မှာ ဒေါ်လာ သန်း ၅၀၀ လောက်တင်ရှိ နေတာ ဖြစ်ပြီး ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ကိုတော့ ဒေါ်လာ ၃၉၃ သန်း တင်ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ