BBC navigation

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် အရေး ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 2 ဇူလိုင်လ 2012 - 00:59 GMT
burma

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်

မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ပြန်လည် ခေါ်ယူနိုင်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ အရာရှိ တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

မကြာသေးတဲ့ သတင်းပတ်တွေ အတွင်းကတော့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ရခိုင်ပြည်နယ် ဘက်ကနေ ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေကို လက်ခံပေးဖို့ နိုင်ငံတကာက ဖိအားတွေ ပေးခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်က လက်မခံခဲ့ ပါဘူး။

မြန်မာ ဘက်ကတော့ ဒီဒုက္ခသည်တွေဟာ မြန်မာ နိုင်ငံဘက်မှာ တရားဝင် နေထိုင် ခွင့်ရပြီးသူ တွေဖြစ်တယ်ဆိုတဲ့ အထောက်အထား တွေပြနိုင်မှ ပြန်လည် လက်ခံမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။