NLD တက်မယ့် လွှတ်တော်

  • 3 ဇူလိုင် 2012
 parliament suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption မေလက ကျမ်းကျိန်ပြီး NLD အမတ်များ

ဇူလိုင် လ ၄ ရက် အင်္ဂါ နေ့မှာ နေပြည်တော်က လွှတ်တော် နှစ်ရပ် စည်းဝေးပွဲ တွေ ပြန်စတော့ မှာပါ။

ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲက တက်လာတဲ့ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၄ဝ ကျော် လွှတ်တော် အစည်းအဝေး တွေမှာ ပထမဆုံး အကြိမ် ပါဝင် ဆွေးနွေး လာကြတော့မှာ လဲ ဖြစ်ပါတယ်။

ဒီတခါ လွှတ်တော်သစ်မှာ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိ နိုင်ငံရေး သမားနဲ့ လူထု ထောက်ခံမှု အားကောင်းတဲ့ NLD ပါတီ ကိုယ်စားလှယ် တွေ ပါလာပြီမို့ လူထု ထောက်ခံ ယုံကြည်မှု ပိုလာနိုင်တယ် လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုပါတယ်။

ဒီတပတ် လွှတ်တော်မှာ ရခိုင် ပြည်နယ် အရေးပေါ် အခြေအနေ ကိစ္စတွေ၊ ၁၉၈၂ နိုင်ငံသား ဥပဒေပါ ယာယီ နိုင်ငံသား ကိစ္စတွေကို ရခိုင် ကိုယ်စားလှယ် တွေက ဆွေးနွေး ချင်တယ်လို့ သိရ ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြ ခွင့်၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၊ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိတဲ့ ဗဟိုဘဏ် ဥပဒေ ပြဋ္ဌာန်းဖို့၊ မီဒီယာ ဥပဒေ သစ် ထွက်လာဖို့ စတာ တွေလဲ ဆွေးနွေး ဖွယ် ရှိတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ