ဥရောပ ခရီးစဉ် အကြောင်း ဒေါ်စု သတင်းစာရှင်း

  • 3 ဇူလိုင် 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူ သွားရောက် ခဲ့တဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ ဥရောပ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်း ထောက် တွေရဲ့ အမေးကို ဒေါ်စု ဖြေခဲ့

ရွှေဂုံတိုင် NLD ရုံးချုပ်မှာ အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အနောက် နိုင်ငံ တွေဘက်က မြန်မာ နိုင်ငံကို လာရောက်ပြီး စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ် ဖို့နဲ့ မြန်မာ နိုင်ငံ ကြီးပွား စေလိုတဲ့ စေတနာ တွေ ရှိ ကြ တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံ ဒီမို ကရေစီ အရေး အတွက် မြန်မာ ပြည်သူတွေ ပေါ်မှာပဲ အဓိက မူတည် နေတယ် လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဥရောပ ခရီးစဉ်အတွင်း မြန်မာ နိုင်ငံကို အင်္ဂလိပ်လို Burma လို့ ခေါ်ဝေါ် သုံးစွဲ ခဲ့တာ နဲ့ ပတ်သက်လို့ သတင်းထောက် တွေရဲ့ အမေးကို ဥပဒေ ရေးရာ ကျွမ်းကျင်သူ ရှေ့နေကြီး တစ်ယောက် ဖြစ်တဲ့ NLD အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဥပဒေ သဘော အရ ရှင်းပြခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ ဒီမို ကရေစီ ကျင့်စဉ်အရ လွတ်လပ်စွာ ခေါ်ဆို သုံးစွဲခွင့် ရှိတယ် ဆိုတာကို United Kingdom ဆိုတဲ့ ဗြိတိန် နိုင်ငံကို UK အင်္ဂလန်၊ ဗြိတိန် စသဖြင့် ခေါ်ဝေါ်ကြတာဟာ ဘာဥပဒေကိုမှ ချိုးဖောက်တာ မဟုတ်ဘူး ဆိုတာ ဥပမာပေး ရှင်းပြခဲ့ တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

NLD အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကလည်း Buram လို့ခေါ်ဆိုတာဟာ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်မှု မရှိဘူးလို့ ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ခရီးပန်းတဲ့ အတွက် ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်ဘဲ သုံးရက် ခွင့်ယူထား ပါတယ်။

ဒါပေမဲ့ အဲဒီ ခွင့်ရက် အတွင်းမှာ သူ့ရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ ကော့မှူး မြို့ကို သွားဖို့ အစီ အစဉ် ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ