Barclays ဘဏ် ဥက္ကဌ နှုတ်ထွက်

  • 3 ဇူလိုင် 2012
Mr Diamond ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာကလေ ဘဏ်မှ နှုတ်ထွက် ခဲ့သူ

ဗြိတိန်က Barclays ဘဏ် ဥက္ကဌ Bob Diamond ဟာ ရာထူးကနေ နှုတ်ထွက်သွားပြီး ဖြစ်ပါတယ်။

ဗြိတိန်က အကြီးဆုံး ဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ Barclays ဘဏ်ဟာ ဘဏ် အချင်းချင်းကြား အတိုးနှုန်းကို အလွဲသုံးစား လုပ်ဖို့ ကြိုးစားခဲ့တာကြောင့် အကြီးအကျယ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေခဲ့ ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ဘဏ် အကြီးအကဲနဲ့ ဗြိတိန် ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေ အရာရှိချုပ် တို့နှစ်ဦးက မစ္စတာ Diamond ကို ရာထူးက ဆင်းပေးဖို့ တွန်းအား ပေးခဲ့ပြီးနောက် အခုလို နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။

မစ္စတာ Bob Diamond ရဲ့ ကြေညာချက် ထဲမှာတော့ Barclays ဘဏ် အပေါ် ဖိအား ပေးမှုတွေ ရှိနေတာကြောင့် ဘဏ်လုပ်ငန်းတွေ အပေါ် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။

အခုလို Bob Diamond နှုတ်ထွက် သွားတဲ့ အပေါ် ဗြိတိန် နိုင်ငံရေး သမားတွေက ကြိုဆို လိုက်ပါတယ်။

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် အက်ဝါ့ဒ် မီလီဘန်း က ဒါဟာ လိုအပ်လို လုပ်ရတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ ဘဏ္ဍာရေးဝန်ကြီး ဂျော့ချ်အော့စ်ဘွန်း ကတော့ ဒါဟာ တာဝန်သိတတ်မှုနဲ့ ပတ်သက်ပြီး ခေတ်သစ်တခု ဆီသွားမယ့် ခြေလှမ်းအစ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိက၊ ဥရောပနဲ့ အာရှက ဘဏ်လုပ်ငန်း ဆိုင်ရာ ဥပဒေ ပြုသူတွေကလည်း သူတို့ဆီက အဓိက ဘဏ်ကြီးတွေ အနေနဲ့ အတိုးနှုန်း ကစားမှုတွေ လုပ်မလုပ် ဆိုတာကို စုံစမ်း စစ်ဆေးမှုတွေ လုပ်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ