NLD က လွှတ်တော်ဆိုင်ရာ ကော်မတီတွေဖွဲ့

  • 4 ဇူလိုင် 2012
DASSK Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေဟာ မေလဆန်းက လွှတ်တော်မှာ ကျမ်းကျိန်ခဲ့ကြ

နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ ပြန်လည် ကျင်းပဖို့ တရက်အလို ဇူလိုင် ၃ ရက်မှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်နဲ့ဆိုင်တဲ့ ပါတီတွင်း ကော်မတီတွေ ဖွဲ့စည်းလိုက်ပါတယ်။

NLD ဟာ ဧပြီ ၁ ရက်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

NLD ကနေ အသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မတီနှစ်ခုကတော့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မီတီ နဲ့ လွှတ်တော်ရေးရာ ကော်မီတီ တို့ ဖြစ်ပါတယ်။

လွှတ်တော် လုပ်ငန်းဆိုင်ရာ ကော်မတီမှာတော့ အဖွဲ့ဝင် ၇ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ တာဝန် ယူထားပါတယ်။

လွှတ်တော် ရေးရာ ကော်မတီမှာတော့ ၆ ဦးပါဝင်ပြီး ဦးဉာဏ်ဝင်းက ဥက္ကဌ ဖြစ်ပါတယ်။

ဦးဇေယျာသော် ခ ဦးဖြိုးဇေယျာသော်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ဆိုင်ရာ အရာရှိအဖြစ် တာဝန်ပေးထားပါတယ်။

ဦးအောင်ကြည်ညွန့် နဲ့ ဦးနိုင်ငံလင်းတို့ကိုလည်း ဆော်သြရေးမှူးနဲ့ လက်ထောက် ဆော်သြရေးမှူးတာ၀န် အသီးသီး ပေးထားတာ တွေ့ရပါတယ်။

အဲဒီ ကော်မီတီတွေ ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်လို့ NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်ကတော့ ပါတီအနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေး နဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေး ဆက်စပ် ဆောင်ရွက်နိုင်ဖို့အရေးမှာ အထောက်အကူ ဖြစ်စေနိုင်အောင် ဖွဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ