ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် နည်းဥပဒေထွက်

  • 9 ဇူလိုင် 2012
နည်းဥပဒေကို လွှတ်တော်မှာ ဝေငှ
Image caption နည်းဥပဒေကို လွှတ်တော်မှာ ဝေငှ

ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ကို လွှတ်တော်အမတ်တွေကို ဒီကနေ့ စတင် ဝေပေးခဲ့ပြီဖြစ်လို့ ဒီကနေ့က စပြီး ဥပဒေနဲ့ နည်းဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရသွားပြီဖြစ်ပါတယ်။

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ဆန္ဒပြခွင့် နည်းဥပဒေ အဓိကအချက်တွေကို ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်က ရှင်းပြရာမှာ ဘယ်လိုလျှောက်လွှာတင်ရမယ် ငြင်းပယ်ရင် ဘယ်လိုငြင်းပယ်နိုင်တယ် အယူခံဝင်နိုင်တယ် ဆိုတဲ့အချက်တွေ နောက်ပြီး လျှောက်ထားသူက စည်းကမ်းချက်တွေကို သဘောတူကြောင်း လက်မှတ်ထိုးဖို့လိုအပ်ပုံ ကြိုတင်ခွင့်ပြုချက်ယူရာမှာ လူအင်အား ဘယ်လောက်ရှိတယ် ပြမယ့်နေရာ ကြွေးကြော်သံ စတာတွေပါဝင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဥပဒေထဲမှာ ပြဌာန်းထားတာတွေကတော့ ဆန္ဒပြခွင့်မရှိတဲ့ နေရာတွေကတော့ အစိုးရရုံး၊ စက်ရုံအလုပ်ရုံ၊ စျေး၊ ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ဆေးရုံ စတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်ပါတယ်။

ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်ကို မြို့နယ်ရဲစခန်းမှာ ၅ ရက်ကြိုတင် တင်ရမယ်၊ခွင့်ပြုတာဘဲဖြစ်ဖြစ် မပြုဘူးတာဘဲဖြစ်ဖြစ် ၄၈ နာရီကြိုတင် အသိပေးရမှာဖြစ်တယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ထောင်ဒဏ် ၁ နှစ်အထိချနိုင်ပါတယ်။ ခွင့်ပြုချက်ရပေမယ့်လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖေါက်ဖျက်ရင် ထောင်ဒဏ် ၆ လအထိ ပစ်ဒဏ်ပေးလို့ရပါတယ်။

ခွင့်ပြုချက်နဲ့အညီ ဆန္ဒပြတာကို အနှောက်အယှက်ပေးတဲ့သူ ဆိုရင် တော့ ထောင်ဒဏ် ၂ နှစ်အထိ ပစ်ဒဏ်ပေးနိုင်ပါတယ်။

ခွင့်ပြုချက်နဲ့ ဆန္ဒပြတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးရမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ