လုပ်ဆောင်မှုက ပဓာနကျ ဦးဌေးဦးဆို

  • 10 ဇူလိုင် 2012
usdp ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်ကို ကြံ့ခိုင်ရေး ကြီးစိုးထား

လစ်လပ်နေတဲ့ ဒုသမ္မတ လောင်း နေရာမှာ တစ်ပြေး နေသူ တယောက် ဖြစ်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အတွင်းရေးမှူး ဦး ဌေးဦးက သူဟာ နေရာထက် လုပ်ဆောင်မှု ကိုသာ အလေးထား တယ်လို့ ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ မတိုင်ခင် ကထဲက ပါတီစုံ စနစ် ပြောင်းဖို့ စတင် စိုင်းပြင်း ခဲ့ကြပြီး အစဉ် အဆက် အားထုတ် ခဲ့ကြလို့ ကနေ့ အထိ ပြောင်းလဲ လာတာ ဖြစ်တယ် လို့လဲ ဆိုပါတယ်။

ပြောင်းလဲ မှု အဆင့်တိုင်းကို ကြံ့ခိုင်ရေး က မကန့်ကွက် ခဲ့ဘဲ တိုင်းပြည်နဲ့ ပြည်သူ အများ ကို ထိခိုက် တာတွေ ရှိလာရင် အခြေခံ ဥပဒေ ပြင်ရေးကို လဲ ထောက်ခံ သွားမယ် လို့ သူက ဆိုပါတယ်။

တိုင်းပြည် တိုးတက် ပြောင်းလဲဖို့ တည်ငြိမ် အေးချမ်းရမယ်၊ စီးပွားရေး ကောင်းပြီး နိုင်ငံနဲ့ နိုင်ငံသား တွေ အကျိုး ဖြစ်ထွန်း ရမယ်၊ လူစွမ်းအား ရင်းမြစ် တွေလဲ ဖွံ့ဖြိုးမှ တိုင်းပြည် တိုးတက် နိုင်တယ်လို့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး အမြင် တွေကို ပြောကြား သွား ပါတယ်။