လူမျိုးရေးပုတ်ခတ်မှုတွေရဲ့ အကျိုးဆက်

  • 9 ဇူလိုင် 2012
Image caption အလွတ်ပြောဆိုနေတာတွေဟာ ကိုယ့်ဘက်လည်လာနိုင်သလား

ဖေ့စ်ဘုတ်လူမှုကွန်ရက်အပါအဝင် အင်တာနက်မှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲ ပုတ်ခတ် ဆဲဆို နှိမ့်ချ ပြောဆို ရေးသားမှုတွေဟာ ဗြိတိန်လို ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ပြစ်မှု မြောက်ပါတယ်။ ပြည်တွင်း ပြည်ပက အွန်လိုင်းနေ မြန်မာတချို့ကြားမှာလည်း ဒီလို ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး ခွဲခြား နှိမ့်ချ လက်လွတ်စပယ် ပြောဆိုမှုတွေဟာ လူ့ကျင့်ဝတ် လူ့စည်းကမ်းကို ဘယ်လောက်အထိ ချိုးဖောက်တယ်လို့ ထင်ပါသလဲ။ အခုလို အဆင်ခြင်မဲ့ ပြောဆို ရေးသားမှုတွေဟာ ကိုယ့်ဆီကို တကြော့ပြန် ထိခိုက်နစ်နာနိုင်မှုတွေက ဘာတွေ ရှိလာနိုင်မလဲ။ သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို ဇူလိုင် ၁၁၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဝေမျှနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။