ကချင် ဒုက္ခသည် စခန်းမှာ ကူးစက်ရောဂါကျ

  • 11 ဇူလိုင် 2012
kachin ဓာတ်ပုံ မူပိုင် AFP Getty
Image caption စခန်းက ချိုင့်ထဲမှာမို့ အနံ့အသက် မကောင်း

တရုတ် မြန်မာ နယ်စပ် တရုတ် ဘက်ခြမ်းက ကချင် စစ်ပြေး ဒုက္ခသည် စခန်း ၂ ခုမှာ ကူးစက် ရောဂါ ဖြစ်နေလို့ တရုတ် အာဏာပိုင် တွေက နေရပ် ပြန်ခိုင်း နေတယ်လို့ သိရ ပါတယ်။

ဒီ ယန်လု နဲ့ လာ့ဖိုင် စခန်း တွေဟာ တရုတ် လူနေရပ်ကွက် နဲ့ ကပ်နေလို့ ကူးမှာ စိုးပြီး ပြန်ခိုင်းတာလို့ သွားကူ ခဲ့တဲ့ အဖြူရောင် တွဲလက်များ အဖွဲ့က ကိုဘိုဘိုက ပြောပါတယ်။

တရုတ် အာဏာပိုင် တွေက ကျန်းမာရေး အခြေအနေ လာစုံစမ်း ပေမယ့် အခြေအနေ ဆိုးနေလို့ ပြန်ခိုင်းတယ် ထင်တယ်လို့ သူက ဆိုပါတယ်။

နေရပ် ရွာတွေမှာ မြန်မာ အစိုးရ တပ်က စခန်းချ ထားတာမျိုး၊ ထွက်ပြေး လာတာ တနှစ် ကျော်နေပြီမို့ အိမ်တွေ အဖျက်ခံရ၊ တောင်ယာ လုပ်ကိုင် စားစရာ မရှိတော့ တာမျိုး တွေကြောင့် မပြန် နိုင်ကြဘူး လို့လဲ သိရပါတယ်။

စခန်း ထဲမှာ ၉ ပေ ပတ်လည် အခန်း တွေမှာ မိသားစု ပြွတ်သိပ် နေရတဲ့ အတွက် ကျန်းမာရေး အတွက် မသင့်တော် ပါဘူး။

နေရာက လဲ ချိုင့်ထဲ ကျနေတာမို့ စခန်းထဲ ဝင်တာနဲ့ အနံ့အသက် တွေ ရပါတယ်။

ဟင်းရွက် ရိက္ခာ မရလို့ အလေ့ကျ ပေါက်တဲ့ မြင်းခွာ ရွက်တွေ သုပ်စား ရာကနေ ရေမသန့်လို့ ဝမ်းရောဂါ ဖြစ်ရာ က တခြား ရောဂါ တွေ ဝင်လာတယ်လို့ ဆိုပါတယ်။

ကလေး တယောက် သေဆုံးပြီး မူဆယ် ဆေးရုံမှာ ၅ ယောက် တင်ထား ရပါတယ်။

မြန်မာ အစိုးရ ကျန်းမာရေး ဘက်ကလဲ လာမကြည့်ပါဘူး။

မူဆယ် ပန်ဆန်းက ယစ်ခူး ရွာသား ၂၆ ယောက် ကို KIA နဲ့ ဆက်တယ်ဆိုပြီး ဖမ်းဆီး နှိပ်စက် စစ်ဆေးပြီး ပြန်လွှတ် တဲ့အခါမှာလဲ ခုထိ တယောက် သေသလား ရှင်သလား မသိ ပျောက်နေတယ် လို့ သိရပါတယ်။