NLD ရဲ့ လွှတ်တော် လုပ်ငန်းစဉ်များ

  • 11 ဇူလိုင် 2012
dassk ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ လုပ်ဖို့ လွှတ်တော် လာတာမဟုတ်

ပြည်သူ့ လွှတ်တော် စတက်နေပြီ ဖြစ်တဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ခေတ်နဲ့ မညီတဲ့ တည်ဆဲ ဥပဒေ တွေ ပယ်ဖျက်ရေး၊ အလုပ်သမား လယ်သမားနဲ့ ပညာရေး ကိစ္စ အဆို ဥပဒေ ကြမ်းတွေ တင်သွင်းရေး ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

ဆွေးနွေးစရာ အဆိုတွေ တင်သွင်းပြီးလို့ လွှတ်တော်ရုံးက ဆုံးဖြတ်ချက် ကို စောင့်နေတယ်လို့ လွှတ်တော်တက် နေတဲ့ မဟာအောင်မြေ ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

ပါလီမန်တွင်း ပါတီ ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပတ်စဉ် အစည်းအဝေး တွေ တက်ပြီးအချိန်တို အတွင်း ထိရောက် အောင် ဆွေးနွေး နိုင်ဖို့ ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

အတိုက်အခံ လုပ်ဖို့ လွှတ်တော် လာတာ မဟုတ်ဘဲ တိုင်းရင်းသားတွေ ဒီမို ကရေစီ မဟာမိတ် တွေနဲ့ လက်တွဲပြီး ခေတ်သစ် ဒီမို ကရေစီ စာမျက်နှာ ဖွင့်ဖို့ လာတာလို့ ဒေါ် အောင်ဆန်း စုကြည်က ပြောကြောင်းလဲ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ