ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေကို စစ်တပ်က လျာထား

  • 10 ဇူလိုင် 2012
Myint Swe ဓာတ်ပုံ မူပိုင် AP
Image caption ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ

ဒုတိယသမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး အနားယူသွားတဲ့ အတွက် လစ်လပ်သွားတဲ့ သူ့နေရာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို စစ်တပ်ဘက်က လျာထားလိုက်ပြီလို့ သိရပါတယ်။

ဦးမြင့်ဆွေဟာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ပြီး အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတစ်ဦးအဖြစ် လူသိများပါတယ်။

စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားခံရပြီးနောက် စစ်ဘက် ရေးရာ လုံခြုံရေး (စရဖ) အကြီးအကဲ တာဝန်လည်း ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ကျန်းမာရေးကြောင့် နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေကို ပြည်ထောင်စု လွှတ်တော်ဘက်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ