ဒုသမ္မတ နေရာ ဦးမြင့်ဆွေကို ဘာကြောင့် ရွေးတာလဲ

  • 10 ဇူလိုင် 2012
Former Vice President of Burma ဓာတ်ပုံ မူပိုင် reu
Image caption ဦးတင်အောင် မြင့်ဦး ကျန်းမာရေး အကြောင်းပြပြီး ဒုသမ္မတ ရာထူးက နေ အနားယူ

လောလောဆယ် လစ်လပ် နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတ ရာထူး နေရာမှာ တစ်ပြေး နေသူ အတော် များများ ထဲက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က လျာထား တယ်လို့ သိရပါတယ်။

သူဟာ သဘောထား တင်းမာသူ ဖြစ်တယ်၊ အရင် စစ်ခေါင်း ဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အလွန် နီးစပ်သူ ဖြစ်တယ်လို့ လူသိများပါတယ်။

စစ်တက္ကသိုလ် သင်တန်းဆင်း အပတ်စဉ် အရ သူ့ထက်ပိုပြီး ရှေ့ကျတဲ့ ဝါရင့်တဲ့ စစ်ဗိုလ်ချုပ်ကြီး တွေကို ခန့်ထားမယ့် အစား ဦးမြင့်ဆွေကို ရွေးချယ် တာဟာ အကြောင်း အမျိုးမျိုး ရှိနိုင်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုက သုတ သနမှူး ဦးဌေးအောင်က ပြောပါတယ်။

ဒုတိယ သမ္မတ ရာထူး နေရာ အတွက် ဦးမြင့်ဆွေဟာ သင့်တော်သူ ဖြစ်တာက တစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မိသားစုနဲ့ နီးစပ် တာက တစ်ကြောင်းကြောင့် ရွေးတာ ဖြစ်နိုင် တယ်လို့ သူက ပြောပါတယ်။

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၁၅ ဆင်းသူ ဖြစ်တဲ့ ဦးမြင့်ဆွေရဲ့ သင်တန်းဆင်း အပြီး စစ်မှုထမ်း ကာလ တစ်လျှောက်ကို ပြန်ကြည့်ရင် ရန်ကုန်တိုင်း တစ်ခုလုံးကို အနီးကပ် လုံခြုံရေး တာဝန်ယူရတဲ့ တပ်မ ၁၁ တပ်မမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ စတဲ့ အရေးပါတဲ့ ရာထူး နေရာတွေ ရယူခဲ့ပါတယ်။

အဲဒီလို ရာထူး မျိုးဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည် စိတ်ချသူ သူ့ရဲ့ လူယုံ လူရင်းတွေသာ ရလေ့ရှိတဲ့ နေရာမျိုးလို့ ဦးဌေးအောင်က ပြောပါတယ်။

ဒါကို ကြည့်ရင် လက်ရှိ အစိုးရ အဖွဲ့ အပေါ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာ လွှမ်းမိုးမှု ရှိနေသေးတယ် ဆိုတာ ပြသ နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အပါအဝင် ကကလှမ်း ဌာနချုပ်ကို ဝင်စီးနင်းတဲ့ ကိစ္စ၊ ၂၀၀၇ သံဃာ့ လှုပ်ရှားမှုကို နှိမ်နင်းရာမှာ အမိန့်ပေးခဲ့တဲ့ ကိစ္စ၊ မကြာသေးခင်က သတင်းစာ ဂျာနယ် သမားတွေကို ခြိမ်းခြောက် သတိပေး ခဲ့တဲ့ ကိစ္စတို့ကို ကြည့်ရင် အထက်က ပေးခဲ့တဲ့ အမိန့်အတိုင်း လိုက်နာ လုပ်ဆောင်သူ တစ်ယောက် ဖြစ်တယ်လို့ ဦးဌေးအောင်က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ